close

VAR ဆုံးဖြတ်ချက်များ တသမတ်တည်းမရှိဟု မန်ယူနည်းပြဝေဖန်

VAR ခေါ်ရုပ်သံအကူအညီနဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖျက်ချက်တွေဟာ တသမတ်တည်းမရှိကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ်ကဝေဖန်ပါတယ်။

ခရစ္စတယ်ပဲလေ့နဲ့ပွဲစဉ်မှာ ကွင်းလယ်လူ ကတ်စမီရိုရဲ့ ဖြစ်ရပ်ကို VAR နဲ့ ပြန်လည်ကြည့်ရှုပြီးနောက် အနီကတ်ပြသခဲ့တဲ့အပေါ် နည်းပြ တန်ဟတ်ဂ်က မကျေနပ်ဖြစ်ခဲ့တာပါ။

ကတ်စမီရိုက ခရစ္စတယ်ပဲလေ့ကွင်းလယ်လူ ဝဲလ်ဟုချ်ရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ကိုင်ထားခဲ့တာကို VAR ဒိုင်တွေက အနီကတ်ပြသဖို့ ဆုံးဖြတ်ခဲ့တာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ဖြစ်ရပ်အတွင်းမှာ ကတ်စမီရိုထက်ပိုပြီး ဆိုးရွားစွာပြုမူခဲ့ကြတဲ့ ခရစ္စတယ်ပဲလေ့ကစားသမားတွေရှိပေမယ့် သူတို့ကို အရေးမယူဘဲ ကတ်စမီရိုကိုပဲ အရေးယူခဲ့တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကတ်စမီရိုကို အနီကတ်ပြသင့်တယ်ဆိုရင် တခြားကစားသမားတွေအများကြီးဟာလည်း အနီကတ်ပြသင့်ပါတယ်”လို့ တန်ဟတ်ဂ်ကပြောပါတယ်။

ပဲလေ့နည်းပြ ဗီအဲယာကတော့ ဘောလုံးပွဲတွေကို လေးစားမှုနဲ့ ယှဉ်ပြိုင်သင့်ပြီး ပြိုင်ဘက်ကို မလေးစားဘူးဆိုရင် ဒီလိုအဖြစ်အပျက်တွေက ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

Up