close

အစ္စရေးသိမ်းပိုက်ထားသည့်ဒုက္ခသည်စခန်းတွင် တိုက်ပွဲဖြစ်

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမြို့ ဂျဲရစ်ခိုနဲ့ ကပ်လျက်ဒုက္ခသည်စခန်းမှာ ဖေဖော်ဝါရီ ၄ ရက် အစောပိုင်းက ပါလက်စတိုင်းနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ 

စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်း ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

စစ်တပ်က ဖမ်းဆီးမှုတွေကြောင့် နေအိမ်တစ်လုံး ဆိုးဆိုးရွားရွား ပျက်စီးခဲ့တဲ့ အာကာဘစ် ဂျာဘာ ဒုက္ခသည် စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျဲရစ်ခိုမြို့နားက ပစ်ခတ်တိုက်ခိုက်မှုအပြီး သံသယရှိသူတွေကို ခြေရာခံလိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က တရားဝင် ထုတ်ပြန်ချက်တစ်ခု ကနေ ပြောခဲ့ပါတယ်။

"သူတို့က ဝင်သွားပြီးရင် တိကျတဲ့အိမ်မရှိဘူး၊ စခန်းတစ်ခုလုံးကို ပစ်မှတ်ထားပြီး စခန်းအဝင်ဝ ကနေ စပြီး မကောင်းမှုတွေလုပ်ပြီးတော့ ထွက်သွားခဲ့တယ်" လို့ စခန်းထဲမှာ နေထိုင်သူ ဂျလဲလ် အယ်လ် မီဂါအီတီက ပြောပါတယ်။

စခန်းရဲ့ပတ်၀န်းကျင်မှာ လုံခြုံရေး တိုးမြှင့်ချထားအပြီး သီတင်းပတ် တပတ်အကြာမှာ စီးနင်းခဲ့တာ ဖြစ်ပါတယ်။

Up