close

တိုက်စစ်မှူး ဟယ်ရီကိန်း စပါးအသင်းသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းသူ ဖြစ်လာ

မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ စပါးအသင်းသမိုင်းတစ် လျှောက် ဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ 

ဟယ်ရီကိန်းဟာ စီးတီးနဲ့ပွဲစဉ်မှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၁၆ ပွဲ မြောက်ကစားပြီး ၂၆၇ ဂိုးမြောက် ဂိုးသွင်းယူခဲ့တာပါ။ 

ဒါဟာ စပါးကစားသမားဟောင်း ဂျင်မီဂရေ့စ်က နှစ်ပေါင်း ၅၀ ကျော်တဲ့အထိ စံချိန်တင်ထားတဲ့ ၂၆၅ ဂိုးကို ကျော်ဖြတ်နိုင်ခဲ့တာပါ။ 

စပါးအသင်းသမိုင်းတလျှောက် ဂိုးအများဆုံးကစားသမားဖြစ်လာတဲ့အပေါ် စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲပြီး ပြင်းပြင်းထန်ထန်ကြိုးစားမှုကြောင့်သာဖြစ်ကြောင်း၊ စံချိန်သစ်တင်နိုင်ခဲ့သလို နိုင်ပွဲ ရခဲ့တာကလည်း ကျေနပ်စရာဖြစ်ကြောင်း ဟယ်ရီကိန်းက ပွဲအပြီးမှာ ပြောပါတယ်။ 

သူဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၀၀ လည်း ပြည့်သွားခဲ့တာပါ။ စပါးအသင်းမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ပေးခဲ့တဲ့ နည်းပြဟောင်း တင်ရှားဝုဒ် အပါအဝင် ပိုချက်တီနိုနဲ့  တခြားသော အသင်းနည်းပြဟောင်းတွေကိုလည်း ကျေဇူးတင်ရှိကြောင်း ဟယ်ရီကိန်းက ပြောသွားပါတယ်။

Up