close

နေပြည်တော်တွင် မြေငလျင်လှုပ်

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဗဟိုဌာန နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၁ ရက်  ဒီနေ့မနက်  ၁၀ နာရီ၊ ၅၅ မိနစ်၊ ၀၇ စက္ကန့်က   အင်အားရစ်ချ်တာစကေး  ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။

နေပြည်တော်မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဥတ္တရသီရိမြို့ရဲ့ အရှေ့မြောက်ဘက်  ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်  ၁၉ ဒသမ ၈၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်ပါတယ်။

အဆိုပါ မြေငလျင်နဲ့ ပတ်သက်ပြီး  ပျက်စီးထိခိုက်မှု အခြေအနေသတင်းတွေကတော့ မကြားသိရပါဘူး။ 

Photo- မိုးဇလ

Up