close

BTS အဖွဲ့ဝင် Suga တကိုယ်တော် ကမ္ဘာလှည့်ဖျော်ဖြေပွဲများ ကျင်းပမည်

Suga (Min Yoon Gi) ဟာ ၂၀၂၃ ခုနှစ် ဧပြီလကုန်ပိုင်းကနေ ဇူလိုင်လအထိ BTS အဖွဲ့ဝင်ထဲမှာ တကိုယ်တော်အနေနဲ့ ပထမဆုံး ကမ္ဘာလှည့်ဖျော်ဖြေပွဲ “August D” ကို ကျင်းပသွားမယ်လို့ BIGHIT MUSIC က ကြေညာထားပါတယ်။

“August D” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဘန်ကောက်၊ စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေမှာ ကျင်းပသွားမှာလို့ ဆိုပါတယ်။

ဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စုမှာ ဧပြီ ၂၅ ရက်ကနေ မေလ ၂၇ ရက်ထိ စုစုပေါင်း ၁၁ ရက်ကြာ ပြုလုပ်သွားမှာဖြစ်သလို တခြားနိုင်ငံတွေမှာတော့ တနိုင်ငံကို ၂ ရက်ကနေ ၃ ရက်အထိ ကျင်းပမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာကျင်းပမယ့် ဖျော်ဖြေပွဲ အချိန်ဇယားကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

“Suga ဟာ သူ့ရဲ့ ပထမဆုံး တကိုယ်‌တော် ကမ္ဘာလှည့်ဖျော်ဖြေပွဲ August D ပြီးတာနဲ့ စစ်မှုထမ်းနိုင်တယ်” လို့ BTS ပရိသတ်တွေက ဆိုပါတယ်။

Up