close

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ဖေဖော်ဝါရီ ၂၀ ရက်က ပဲ့ထိန်းဒုံးကျည် ၂ စီး ပစ်လွှတ်ခဲ့ပါတယ်။

ဒုံးကျည်အများအပြားကို တပြိုင်တည်း ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်ပစ်စင်ကနေ ၂၄၅ မိုင်နဲ့ ၂၀၉ မိုင်ဝေးတဲ့ ပစ်မှတ်တွေကို ထိမှန်တဲ့ ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား KRT က အတည်ပြု ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက စစ်ရေးလေ့ကျင့်တာကို ရပ်တန့်ဖို့ အမေရိကန်တပ်ဖွဲ့တွေအား သတိပေးခဲ့ပြီး အထီးကျန် နျူးကလီးယားပိုင်ဆိုင်တဲ့နိုင်ငံဟာ ပစိဖိတ်ဒေသကို ပစ်ခတ်လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲနိုင်တယ်လို့လည်း ခြိမ်းခြောက်လိုက်ပါတယ်။

သီတင်းပတ်ကုန်ရက်မှာ အမေရိကန်က အာရှမဟာမိတ်တွေနဲ့ ပူးတွဲ လေကြောင်း စစ်ရေးလေ့ကျင့်ပြီးတဲ့နောက် ကင်မ်ယိုဂျုံက ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် အခင်းအကျင်းတွေ တိုးလာနေတာကို တားဖို့ သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ဂျပန်အနောက်ဘက်ကမ်းလွန် ပင်လယ်ပြင်ဆီကို တိုက်ချင်းပစ်ဒုံးကျည် (ICBM) ပစ်လွှတ်ခဲ့ပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၁၉ ရက်မှာ အမေရိကန်က တောင်ကိုရီးယားနဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်ဖို့နဲ့ ဂျပန်နဲ့ သီးခြားစီ စစ်ရေးလေ့ကျင့်ဖို့ နှိုးဆော်ခဲ့ပါတယ်။

Up