close

တရုတ်နိုင်ငံ Renaissance Holdings စီးပွားရေးလုပ်ငန်း၏ အစုရှယ်ယာများ ကျဆင်း

တရုတ်နိုင်ငံက Renaissance Holdings စီးပွားရေးလုပ်ငန်းကြီးရဲ့ အစုရှယ်ယာတွေ ဖေဖော်ဝါရီ ၂၀ ရက် အစောပိုင်းမှာ အမြတ်ငွေ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်သူ ဘီလျံနာသူကြွယ်ကြီးကို ဘဏ်က ဆက်သွယ်မရဘူးလို့ ကြေညာခဲ့ပြီးတဲ့နောက် စတော့ရှယ်ယာစျေး စံချိန်တင် အနိမ့်ဆုံးအထိ ကျဆင်းသွားခဲ့တာပါ။

တနင်္လာနေ့အစောပိုင်းမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ တက်ခဲ့တဲ့ ဟောင်ကောင်စာရင်းဝင် စတော့ရှယ်ယာတွေဟာ  အမြတ်တွေအားလုံးကို ဆုံးရှုံးတဲ့အပြင် ဟောင်ကောင်ဒေါ်လာ ၆ ဒသမ ၈၂ အထိ နိမ့်ကျသွားခဲ့ပါတယ်။

ဒါကြောင့် Renaissance Holdings ဟာ ငွေကြေးစတော့ရှယ်ယာဆိုင်ရာ ဟန်ဆန်း Composite ညွှန်းကိန်းမှာ တတိယမြောက် ရာခိုင်နှုန်းအများဆုံး ဆုံးရှုံးသူဖြစ်လာပါတယ်။

China Renaissance ကို တည်ထောင်သူနဲ့ အရောင်းကိုယ်စားလှယ် ဘောင်ဖန် ပျောက်ဆုံးမှုဟာ နိုင်ငံတွင်း ထိပ်တန်းစီးပွားရေး အမှုဆောင်တွေ ပျောက်ဆုံးမှုအတွင်း နောက်ဆုံးပျောက်ဆုံးမှု ဖြစ်လာပါတယ်။

ဘောင် ပျောက်ဆုံးမှုနဲ့ စီးပွားရေးလုပ်ငန်းတို့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက် မရှိဘူးလို့ ရင်းနှီးမြှုပ်နှံမှုဘဏ်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြောခဲ့ပြီး လုပ်ငန်းတွေ ပုံမှန်အတိုင်း ဆက်လုပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

Up