close

ဖိလစ်ပိုင်တွင် အမျိုးသမီးများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေး ဆန္ဒပြ

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာရှိ သမ္မတနန်းတော်နားမှာ တက်ကြွလှုပ်ရှားသူ အယောက် ၃၀၀ လောက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဆန္ဒပြရင်း အမျိုးသမီးလုပ်သားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်အောင် လုပ်ပေးဖို့ အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက တက်ကြွလှုပ်ရှားသူတွေ နန်းတော်ရှေ့ကို ရောက်မလာအောင် ပိတ်ဆို့ထားကြပြီး နောက်ပိုင်းမှာတော့ နန်းတော်ခြံဝင်းကိုဦးတည်နေတဲ့ ဝင်ပေါက်ကနေ မီတာ ရာဂဏန်း နည်းနည်းအထိ သွားဖို့ ခွင့်ပြုလိုက်ကြပါတယ်။

ဖိလစ်ပိုင်မှာ အမျိုးသမီးတွေကို ဥပဒေနဲ့ ကာကွယ်ပေးထားပေမဲ့ တချို့လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်တာ၊ အလွဲသုံးစား လုပ်တာတွေ ရှိနေဆဲပဲလို့ ဂေဘရီယယ်လာ အမျိုးသမီးပါတီ ပြောခွင့်ရ တက်ကြွလှုပ်ရှားသူ ကလေးရိစ် ပါဆေက ပြောပါတယ်။

ဖိလစ်ပိုင်မှာ ၂၀၂၁ ခုနှစ်က အမျိုးသမီးဦးရေ ၁၂,၄၉၂ယောက်ဟာ အလွဲသုံးစားလုပ်မှုတချို့ကို ခံစားခဲ့ရတယ်၊ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု စုစုပေါင်းရဲ့ လေးပုံတပုံ ဖြစ်တယ်လို့ ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာက ဆိုပါတယ်။

Up