အမေရိကန်တွင် လေဆင်နှာမောင်းကြောင့် ပျက်စီးခဲ့သည့်ဆေးရုံအစား မိုဘိုင်းဆေးရုံ ထူထောင်

အမေရိကန်ပြည်ထောင်စု၊ မစ္စစ္စပီပြည်နယ် အနောက်ပိုင်းရှိ မြို့ငယ်လေးဖြစ်တဲ့ ရိုးလင်းဖော့ခ်မြို့မှာ လွန်ခဲ့တဲ့ ၃ ရက်က ပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့တာကြောင့် မြို့ရဲ့ ရှာကီ-အစ်ဆာကီနာဆေးရုံ ပျက်စီးသွားပြီး အာဏာပိုင်တွေဟာ မတ် ၂၇ ရက်မှာ မိုဘိုင်းဆေးရုံတစ်ခုကို ထူထောင်ခဲ့ကြပါတယ်။
မတ် ၂၄ ရက် ညပိုင်းက လူဦးရေ ၁၉၀၀ နီးပါး နေထိုင်တဲ့ မြို့ဧရိယာကို အင်အားပြင်း လေဆင်နှာမောင်းက မွှေ့ယမ်းတိုက်ခတ်ခဲ့တာဖြစ်ပြီး လူ ၂၆ ဦး သေဆုံးခဲ့ပြီးတော့ ရပ်ရွာအိမ်ခြေ ၄၀၀ လောက် ပျက်စီးသွားကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သစ်ပင်တွေရဲ့ပင်စည်တွေ အကိုင်းတွေဟာ အပိုင်းပိုင်းပြတ်ကုန်ပြီး မော်တော်ကားတွေလည်း အရုပ်ကားတွေလို လွင့်ထွက်ကုန်တယ်လို့ ဆိုပါတယ်။
မြို့တာဝန်ရှိသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေဟာ ထောက်ပံ့ကူညီရေးအဖွဲ့ ဖွဲ့စည်းထားပြီး မိုဘိုင်းလ်ဆေးရုံ တခုလည်း ဖွင့်လိုက်ပါတယ်။
မြို့ရဲ့ နိုင်းဝမ်းဝမ်း ကူညီပေးရေး ဝန်ဆောင်မှုနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိဖို့ တနင်္လာနေ့ မနက်ပိုင်းမှာ ဝန်ထမ်းတေံက လုပ်ဆောင်နေကြပါတယ်။
တာဝန်ရှိသူတွေက စေတနာ့ဝန်ထမ်း သန့်ရှင်းရေးအဖွဲ့တွေ၊ ရေ စသဖြင့် လှူဒါန်းထောက်ပံ့မှုတွေ ပေးဝေရောက်ရှိမှုနဲ့ မိသားစုတွေကို ဗဟိုအစိုးရ အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီနဲ့ ကြက်ခြေနီ အရင်းအမြစ်တွေဆီကို လမ်းညွှန်ပေးပါတယ်။
မတ် ၂၄ ရက် ညပိုင်းက အရှေ့ဘက် ၅၉ မိုင် ခရီးနှင်လာပြီး မြေပြင်ပေါ်တွင် မိနစ် ၇၀ ကြာ လှုပ်ခတ်သွားခဲ့တဲ့ လေဆင်နှာမောင်းကို အမျိုးသား မိုးလေဝသဌာနရဲ့ ပဏာမ အစီရင်ခံစာအရ တစ်နာရီကို ၁၆၆ မိုင်မှ ၂၀၀ မိုင်အထိ တိုက်ခတ်နိုင်တဲ့ EF-4 twister အဖြစ် အမျိုးအစား သတ်မှတ်ထားပါတယ်။
မတ် ၂၅ ရက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က ဘေးဒဏ်သင့်ဒေသများရှိ ပြည်နယ်၊ လူမျိုးစုနဲ့ ဒေသဆိုင်ရာ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေကို အားဖြည့်ပေးဖို့ ဖက်ဒရယ်အကူအညီ တွေ ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
ရန်ပုံငွေကို ကာရိုးလ်၊ ဟမ်ဖှရီစ်၊ မွန်ရိုးနဲ့ ရှာကီခရိုင်တွေရှိ ထိခိုက်ခံစားခဲ့ရသူတွေက ရရှိနိုင်မှာဖြစ်ပါတယ်။