close

နယူးကာဆယ်နှင့်ရှုံးပွဲ လက်ခံနိုင်စရာမရှိကြောင်း နောက်ခံလူ လုခ်ရှော ပြော

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ရှုံးနိမ့်ခဲ့တာဟာ လက်ခံနိုင်စရာမရှိတဲ့ ရလဒ်ဖြစ်ကြောင်း မန်ယူနောက်ခံလူ လုခ်ရှောက ပြောသွားပါတယ်။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ နယူးကာဆယ်နဲ့ပွဲစဉ်မှာ ၂ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့်လေးနေရာ ဆင်းပေးခဲ့ရတာပါ။

နောက်ခံလူ လုခ်ရှောကတော့ အရှုံးရလဒ်ဟာ မန်ယူနိုက်တက်လို အသင်းကြီးတသင်းအတွက် လက်ခံနိုင်စရာမရှိတဲ့ရလဒ်ဖြစ်ပြီး နယူးကာဆယ်အသင်းက စိတ်ပိုင်းဆိုင်ရာအားသာချက်နဲ့ အနိုင်ရသွားတာဖြစ်ကြောင်း ပွဲအပြီးမှာပြောပါတယ်။

ကာဆယ်အသင်းဟာ အရည်အချင်းပိုင်းအရ အနိုင်ရရှိသွားတာမဟုတ်ဘဲ စိတ်ဓာတ်ပြင်းပြမှု၊ နိုင်ပွဲဆာလောင်မှုနဲ့ စိတ်နေစိတ်ထားတွေနဲ့ အနိုင်ရရှိသွားတာဖြစ်ကြောင်း နောက်ခံလူ လုခ်ရှောက ပြောပါတယ်။

နည်းပြ တန်ဟတ်ဂ်ကလည်း လုခ်ရှောရဲ့ မှတ်ချက်စကားအပေါ် ထောက်ခံခဲ့ပြီး နယူးကာဆယ်အသင်းက ပိုမိုပြင်းပြတဲ့ နိုင်ပွဲဆာလောင်မှုရှိခဲ့တာကြောင့် အနိုင်ရခဲ့တာဖြစ်ကြောင်း ပွဲအပြီးမှာ မှတ်ချက်ပေးသွားပါတယ်။

Up