ဂိုးဖန်တီးမှု အကြိမ် ၁၀၀ အမြန်ဆုံးပြည့်မြောက်ခဲ့သည့် ကစားသမားအဖြစ် ဒီဘရိုင်းစံချိန်သစ်တင်

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၀၀ ကို အမြန်ဆုံးပြည့်မြောက် အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
ဆောက်သမ်တန်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒီဘရိုင်းက ဟာလန်းရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပြီး အကြိမ် ၁၀၀ မြောက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ်ပွဲစဉ် ၂၃၇ ပွဲမှာပဲ ဂိုးဖန်တီးမှု ၁၀၀ ပြည့်မြောက်ခဲ့တာပါ။ အရင်က ပွဲအနည်းဆုံးနဲ့ ဂိုးဖန်တီးမူ ၁၀၀ ပြည့်ခဲ့တာက အာဆင်နယ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဖာဘရီဂတ်စ်ဖြစ်ပြီး ဒီဘရိုင်းက ၅၆ ပွဲ ပိုနည်းပြီး ဂိုးဖန်တီးမှု ၁၀၀ ပြည့်ခဲ့တာပါ။
လိဂ်သမိုင်းတစ်လျှောက်မှာ ဂိုးဖန်တီးမူအများဆုံးကတော့ မန်ယူဂန္ထဝင်ရိုင်ယန်ဂစ်ဖြစ်ပြီး ၁၆၂ ကြိမ်နဲ့ ဖန်တီးမှုအများဆုံး စံချန်တင်ထားတာပါ။
ပွဲမတိုင်ခင်ကတည်း ဂိုးဖန်တီးမှု တစ်ကြိမ်လုပ်ဆောင်မယ်ဆိုရင် ၁၀၀ ပြည့်မြောက်မယ်ဆိုတာ အွန်လိုင်းပေါ်ကနေပြောစကားတွေ အရကြိုတင်သိရှိထားခဲ့ကြောင်း ဒီဘရိုင်းက ပြောပါတယ်။
ဂုဏ်ယူစရာအောင်မြင်မှုဖြစ်ပြီး ခုထက်ပို ပြီးတောင် ဂိုးဖန်တီးမှုတွေ များသင့်ကြောင်း၊ တိုက်စစ်မှူးတွေဂိုးသွင်းနိုင်မှသာ ဂိုးဖန်တီးမှုရရှိမှာဖြစ်ကြောင်း၊ နှိုင်းယှဉ်တာမျိုး မလုပ်ချင်ပေမဲ့ ဆက်စ်ဖာဘရီဂတ်ဟာလည်း မယုံကြည်နိုင်စရာ ကောင်းတဲ့ကစားသမားဖြစ်ကြောင်း ဒီဘရိုင်းက ချီးကျူးသွားပါတယ်။