ဂျာမနီတွင် ပျက်စီးနေ့သည့်တံတား ၁ ခုကို ဖောက်ခွဲဖျက်ဆီး

ဂျာမန်အနောက်ပိုင်း လူဒန်ရှိုက်မြို့နားက A 45 အော်တိုဘာဟန်မှာရှိတဲ့ ပျက်စီးနေတဲ့ ရာမန်ဒက်တယ်လ်တံတားကို မေ ၇ ရက်မှာ ထိန်းချုပ်ဖောက်ခွဲခဲ့လို့ ပြိုကျသွားခဲ့ပါတယ်။
ပရိသတ် အများအပြားက ဒီမြင်ကွင်းကို ကြည့်ဖို့ အဝေးကနေ စုဝေးခဲ့ကြပြီး သူတို့ရဲ့ စမတ်ဖုန်း တွေနဲ့ ဓာတ်ပုံတွေ ရုပ်သံတွေ ရိုက်ကူးခဲ့ကြပါတယ်။
လာကြည့်သူ တဦးက"ဖောက်ခွဲမှုက အရမ်းကောင်းတယ်။ ငယ်ငယ်က ဆောက်ထားတဲ့ တံတားကို မြင်ခဲ့ရပြီး အခုလည်း ဖြိုချခံရတာကို မြင်ချင်ခဲ့တယ်" လို့ ပြောပါတယ်။
ဂျာမန်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဗော့ခ်ခါ ဝစ်ဆင်းက "အစားထိုးအဆောက်အအုံသစ်ကို အမြင့်ဆုံးအမြန်နှုန်းနဲ့ ဆောက်နိုင်စေဖို့ ကျနော်တို့ တတ်နိုင်သမျှ လုပ်ဆောင်မယ်”လို့ ပြောရင်း ကတိပြုခဲ့ပါတယ်။
၁၉၆၅ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်အတွင်း တည်ဆောက် ခဲ့တဲ့ ၄၅၃ မီတာရှည်တဲ့ တံတားကို ဖြိုချဖို့ ဖောက်ခွဲရေးပစ္စည်း ၁၅၀ ကီလိုဂရမ် လိုအပ်ခဲ့ပါတယ်။