ကသာတိုက်ပွဲ ၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈၀ ထက်မနည်း သေဆုံးဟု PDF ထုတ်ပြန်

ကသာမြို့က တိုက်ပွဲတွေမှာ ၄ ရက်အတွင်း စစ်ကောင်စီတပ်သား ၁၈၀ ထက်မနည်း သေဆုံးတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ထုတ်ပြန်ပါတယ်။
KIA တပ်မဟာ ၈၊ တပ်ရင်း ၅ ရဲ့ ဦးဆောင်မှုနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF အဖွဲ့ရဲ့ ယာယီစခန်းကို ထိုးစစ်ဆင်လာတဲ့ တပ်မ ၈၈၊ တပ်ရင်း ၃၀၄ နဲ့ ၃၀၉ တို့ကို ခုခံခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၅ ရက် ညပိုင်းက စစ်ကောင်စီတပ်သားတွေဟာ မိုင်း ၂ လုံး နင်းမိပြီး ယောက်ထက်မနည်း သေဆုံးခဲ့သလို ၆ ရက်နေ့ မနက်မှာတော့ ကောက်ကွေ့ချောင်းထဲကနေ စက်လှေ ၃ စီးနဲ့ တက်လာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာမှာ ၂ စီး နစ်မြုပ်ပြီး ၆၀ ထက် မနည်း သေဆုံးတယ် လို့ ဆိုပါတယ်။
ဇူလိုင် ၇ ရက်ညပိုင်းက ဗျူဟာမှူးဦးဆောင်ပြီး တက်လာတဲ့ စစ်ကောင်စီတပ်ဟာ မိုင်း ၄ လုံးကို နင်းမိပြီး ဗျူဟာမှူးအပါအဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဇူလိုင် ၉ ရက်ကတော့ မြို့လှရွာကို လေကြောင်းပစ်ကူ၊ ခြေလျင်ကိုးစစ်တို့နဲ့ ရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံး၊ ၇၀ ထက်မနည်း ဒဏ်ရာရပြီး PDF ကတော့ ၃ ယောက် ကျဆုံး၊ ၃ ယောက် အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။
အဲဒီညပိုင်းမှာပဲ ကသာ ၃ဝ၉ တပ်ရင်းကနေ မြို့လူကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်ဟာ သူတို့ဘက်က သေဆုံးသူတွေကို မြေမြှုပ်နေပြီး ဒဏ်ရာရသူတွေကိုတော့ ရေကြောင်းကနေ သယ်နေတယ်လို့လည်း ဆိုပါတယ်။