close

NUG အစိုးရက အမျိုးသားကျန်းမာရေးကော်မတီ ဖွဲ့စည်း

တိုင်းရင်းသားဒေသတွေအပါအဝင် ပြည်ထောင်စုတဝန်းမှာ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က  ဩဂုတ် ၁၆ ရက်နေ့မှာ ကြေညာပါတယ်။

NUG အစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ အမျိုးသားကျန်းမာရေးညီလာခံအပြီး ဒီကော်မတီကိုဖွဲ့စည်းလိုက်တာဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

အဆို အမျိုးသားကျန်းမာရေးကော်မတီမှာ ဒေါက်တာစင်သီယာမောင်အပါအဝင် အတိုင်ပင်ခံ ပုဂ္ဂိုလ် ၁၀ ဦးနဲ့  ဖွဲ့စည်းထားပြီး ကော်မီတီဥက္ကဋ္ဌကတော့ ကေအန်ယူအဖွဲ့ဝင် ပဒိုမန်းမန်း၊ ဒု-ဥက္ကဋ္ဌ ၁ က ဒေါက်တာဇော်ဝေစိုး၊ ဒု-ဥက္ကဋ္ဌ ၂ အဖြစ် ခူးပလူးရယ်၊  အတွင်းရေးအမှူးအဖြစ် ဒေါက်တာ ဥက္ကာ ၊ တွဲဘက်အတွင်းရေးမှား ၁ အဖြစ် စောနေထူးနဲ့ တွဲဘက်အတွင်းရေးမှူး ၂ အဖြစ် နန်းစနိုး အပါအဝင် ကော်မီအဖွဲ့ဝင် ၂၀ နဲ့ ဖွဲ့စည်းထားပါတယ်။

အမျိုးသားကျန်းမာရေးကော်မတီအနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒရေးဆွဲသွားဖို့၊ တိုင်းရင်းသားနယ်မြေ၊ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေရဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်တွေကို ဆက်စပ်ဆောင်ရွက်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့၊ ဘေးဒဏ်ကပ်ဆိုး အန္တရာယ်အမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အသင့်ပြင်ဆင်မှုရဖို့နဲ့  လျှင်မြန်စွာ တုံ့ပြန်နိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင်လုပ်ငန်းစဉ်အနေနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကျန်းမာရေးမူဝါဒအပေါ်အခြေခံပြီး ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့၊ ကျန်းမာရေးသတင်းအချက် အလက်ပြုစုရေးစနစ်ကို ပိုမိုကောင်းမွန်ရေး အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နည်းဗျူဟာတွေ ချမှတ်ကျင့်သုံးဖို့နဲ့ ဆေးပညာသင်တန်းတွေ ပို့ချနိုင်ရေး သင်ရိုးညွှန်းတမ်းတွေ ရေးဆွဲဆောင်ရွက်ဖို့ ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up