အီရန်က သုတေသလုပ်ငန်းအတွက် အာကာသထဲ ဂြိုဟ်တုသယ်ဆောင်တဲ့ ဒုံးကျည်ပစ်လွှတ်

အီရန်နိုင်ငံက အာကာသထဲ သုတေသနနည်းပညာပစ္စည်း သုံးခု ပို့ဆောင်ဖို့ ဂြိုဟ်တုတလုံးကို ဒီဇင်ဘာ ၃၀ ရက်မှာ ဒုံးကျည်နဲ့ လွှတ်တင်ခဲ့ပါတယ်။
ဒါဟာ အမေရိကန်နဲ့ အီရန်တို့ ဩစတြီးယားနိုင်ငံမှာ ၂၀၁၅ ခုနှစ် နျူးကလီးယား သဘောတူစာချုပ်ကို ပြန်ဆွေးနွေးဖို့ ကြိုးစားနေစဉ် အီရန်က လွှတ်တင်ခဲ့တာပါ။
ဒုံးကျည်လွှတ်တင်ခဲ့တဲ့ ဗီဒီယိုကို အီရန် နိုင်ငံပိုင်မီဒီယာက ပြသခဲ့ပါတယ်။ စီမွန်းလို့ အမည်ပေးထားတဲ့ ဂြိုဟ်တု သယ်ဆောင်တဲ့ဒုံးကျည်က အမြင့်ပေ ကီလိုမီတာ ၄၇၀ ကနေ သုတေသနကရိယာသုံးခုကို လွှတ်တင်ခဲ့ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့ ဒုံးကျည်စီမံကိန်းတွေရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဂြိုလ်တုလွှတ်တင်မှုတွေက မအောင်မြင်ခဲ့ပါဘူး။