close

ထိုင်းတွင် သိုလှောင်ထားသည့် ဝက်သားအလေးချိန် ကီလို ၂ သိန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံမှာ ဝက်တွေကူးစက်ရောဂါဖြစ်လို့ ဝက်သားဈေးတွေ ခုန်တက်နေတာမှာ တဘက်ကလည်း ဒါကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ်တာတွေရှိနေလို့ သက်ဆိုင်ရာက စုံစမ်းအရေးယူနေပါတယ်။

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ကျနမြို့နယ် ဘန့်နားရပ်ကွက်ရှိ အအေးခန်းသိုလှောင်ရုံတစ်ခုမှာ ဝက်သားတွေ အမြောက်အမြား သိုလှောင်ထားကြောင်း သတင်းရတဲ့အတွက် ခရိုင်တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို မနေ့က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။

စစ်ဆေးချက်အရ ဝက်သားအစိတ်အပိုင်းအမျိုးမျိုးကို ကြီးမားတဲ့အအေးခန်းထဲ သိုလှောင်ထား ပြီး စုစုပေါင်းအလေးချိန် ၂၁၁,၃၆၀ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။ 

မျက်မြင်သက်သေတို့ ပြောဆိုချက်အရ သူတို့ဟာ အဆိုပါဝက်သားတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လာရောက်သိုလှောင်ထားပြီး အနည်းငယ်သာပြန်ထုတ်သွားတယ်လို့ ဆိုပါ တယ်။

ကုမ္ပဏီတာဝန်ရှိသူကတော့ သူတို့ဟာ အအေးခန်းတွေကို ငှားရမ်းပေးခြင်းသာဖြစ်ပြီး ဝက်သားပိုင်ရှင်ကတော့ ဖတ်ထလုန်းခရိုင်ရှိ ဘေထာကိုးဖုဒ်ကုမ္ပဏီကလို့ ပြောပါတယ်။ 

သက်ဆိုင်ရာကတော့ အဆိုပါဝက်သားတွေကို ချိပ်ပိတ်သိမ်းဆည်းလိုက်ပြီး ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကတည်းက  ကူးစက်ရောဂါကြောင့် ဝက်အကောင်ရေ သိန်းနဲ့ ချီသေ ဆုံးခဲ့ပြီး ဝက်မွေးမြူရေးခြံတွေ အများအပြားပိတ်သိမ်းခဲ့ရပါတယ်။ အဲဒီနောက် ဝက်သားတွေရှားပါးလာပြီး ဈေးနှုန်းတွေပါ လိုက်တက်လာပါတယ်။

ထိုင်းနိုင်ငံဟာ ယခင်က ဝက်သားကို ထုတ်ကုန်အမျိုးမျိုးလုပ်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချခဲ့ပေမယ့် ပြည်တွင်းမှာ ဝက်သားရှားလာတာကြောင့် ပြည်ပတင်ပို့ရောင်းချမှုကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up