close

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းနှစ်ကြိမ်ဆွဲခံရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျောက်စရစ်ကန်ရွာနဲ့ ဝါရောင်းကျေးရွာကြားမှာ ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီလောက်က စစ်ကောင်စီယာဉ်တန်းကို ဒေသခံပြည်သူကာကွယ်ရေးမဟာမိတ် ၈ ဖွဲ့က မိုင်းနှစ်ကြိမ်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ သပြေညိုပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ဖောကားနှစ်စီးဟာ အရာတော်မြိုနယ် အောင်သာကုန်းကျေးရွာကနေ ပျူစောထီး နဲ့ စစ်ကောင်စီတပ်သားတွေ တင်ဆောင်လာပြီး ဝါးရောင်းကျေးရွာအနီးမှာ ပထမအကြိမ် ပဒေသာမိုင်း ၄ လုံးခွဲပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ကားတစ်စီး စက်ပိုင်းဆိုင်ရာ ချို့ယွင်းသွားကာ စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီလို စစ်ကောင်စီက ပစ်ခတ်တာတွေလုပ်ခဲ့ပြီး စက်ပိုင်းဆိုင်ရာချို့ယွင်းသွာတဲ့ ဖောကားကို ကျန်ကားတစ်စီး နဲ့ ကျောက်ရစ်ကန်ကျေးရွာဘက်ကို ချိတ်ဆွဲသွားတယ်လို့ ဖော်ပြထားပါတယ်။

ပျက်စီးခဲ့တဲ့ စစ်ကောင်စီကားနဲ့ တခြားစစ်ကားတစ်စီးကို ကျောက်ရစ်ကန်ရွာဘက်မှာ ဒေသခံပြည်သူကာကွယ်‌ရေး မဟာမိတ် ၈ ဖွဲ့က ပဒေသာမိုင်း ၂ လုံး၊ တူမီး၊ ရှေ့ထွက်လက်နက်ကြီးနဲ့ နောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲတယ်လို့ ဖော်ပြထားပါတယ်။

အခုလိုစစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အကျအဆုံးရှိတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲတွေက ပြောဆိုပေမယ့် စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ 

အခုတိုက်ပွဲမှာ ဒေသခံပြည်သူကာကွယ်ရေးမဟာမိတ်၈ဖွဲ့က အကျဆုံးမရှိဘူးလို့ ဆိုပါတယ်။

အရာတော်မြိုနယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို သပြေညို ပြောက်ကျားတပ်ဖွဲ့၊  Ayadaw   Bone Naing-PDF(A.B.N.PDF)၊ ပတ္တမြားညီနောင် ပျောက်ကြားတပ်ဖွဲ့ တိုကဦးဆောင်ပြီး Knights Of The Red Land (KORL)ပျောက်ကြားတပ်ဖွဲ့၊ Ayardaw Falcon Force(AF2)၊ M.R.T.Fတပ်ဖွဲ့၊ The Guys Of Burma Revolution Force(GBRF) စတဲ့ညီနောင် (၈) ဖွဲ့ တို့ ပူးပေါင်းပြီး နှစ်ကြိမ် မိုင်းဆွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up