close

တောင်ဒဂုံနှင့် လှိုင်သာယာတွင် ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် အမှတ် ၂၄ ရပ်ကွက်ထဲက စည်ပင်ရုံးထဲမှာ ဖေဖော်ဝါရီ ၄ ရက် မနက်အစောပိုင်းက ဗုံး ၂ လုံးဆက်တိုက်ဖောက်ခွဲခဲ့တယ်လို့ South Dagon Guerrilla Force အဖွဲ့ထံက သိရပါတယ်။

တောင်ဒဂုံစည်ပင်ရုံးအနောက်ဘက်မှာ  မနေ့ မနက် ၄ နာရီ ခွဲလောက်က ဗုံးတစ်လုံး၊ ၄ နာရီ ၃၅ မိနစ်လောက်က  ဗုံးတစ်လုံးကို (တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအင်အားစု) ဌာနချုပ်၊ အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ACPLF)တို့နဲ့ ပူးပေါင်းကာ South Dargon Guerrilla Force အဖွဲ့က ပူးပေါင်းဖောက်ခွဲခဲ့တာဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှု အတည်ပြု စစ်ဆေးနေတယ်လို့ (SDGF)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ လှိုင်သာယာမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီခွဲလောက်က ကင်းလှည့်နေတဲ့ စစ်ကောင်စီ ယာဥ်တန်းကား ၃ စီးကို ဗုံး ၃ လုံးနဲ့ ပစ်ဖောက်တိုက်ခိုက်ခဲ့တယ်လို့ Spring Revolution Flames (SRF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကင်းလှည့်ယာဥ်တန်းကို From Zero To Hero (ZTH)နဲ့ Spring Revolution Flames(SRF) အဖွဲ့တို့က ပူးပေါင်းပြီး  အောက်ထိပ်မှတ်တိုင်အနီးမှာ ကြိုတင်ပြင်ဆင်ထားတဲ့ ဗုံး  ၃ လုံးနဲ့ တိုက်ခိုက်နိုင်ခဲ့ရာမှာ ကားတန်းရဲ့ နောက်ဆုံးကားမှာ ပိုမို ဗုံးထိမှန်ခဲ့ပြီး လူထိခိုက်မှု အတိအကျ မသိရသေးဘူးလို့  ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up