close

စိန်ရတုပြည်ထောင်စုနေ့ပွဲနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်မရှိဟု ABSDF ခေါင်းဆောင်ပြော

စိန်ရတုပြည်ထောင်စုနေ့ပွဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်ကောင်စီထံက ဖိတ်စာရထားပေမဲ့ တက်စရာလုံးဝ အကြောင်းမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး    ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက ဒီဗွီဘီကို ပြောပါတယ်။ 

စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနဲ့ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်ဖို့ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုပါ စစ်ကောင်စီက ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။

အခုလို စစ်ကောင်စီက ဖိတ်ကြားတာနဲ့ ပက်သက်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက “ဖိတ်စာတော့ ရတယ်။အဲဒီအတွက် ကျေးဇူးတင်တယ်။ တက်စရာလည်း လုံးဝအကြောင်းမရှိဘူး။ စိတ်လည်း မဝင်စားဘူး။” လို့ ဒီဗွီဘီကို ပြောပါတယ်။

နေပြည်တော်မှာကျင်းပမယ့် ထာဝရငြိမ်းချမ်းဆွေးနွေးပွဲမှာ ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်လို့ စစ်ကောင်စီက ဖေဖေါ်ဝါရီ ၆ ရက်က  ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စိန်ရတုပြည်ထောင်စုနေ့ပွဲနဲ့ ထာဝရငြိမ်းချမ်းရေးဆွေးနွေးပွဲကို  ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပဖို့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်လည်း  ဗိုလ်ရှုခံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Photo Credit-ABSDF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up