close

ယူကရိန်းရှိ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာရန် သမ္မတအိမ်ဖြူတော် တိုက်တွန်း

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ယူကရိန်းကို ရုရှားကျူးကျော် တိုက်ခိုက်မှု အချိန်မရွေး ဖြစ်လာနိုင်ပြီး လေကြောင်းကနေ စတင်ဖို့များတာကြောင့် ယူကရိန်းထဲရှိ အမေရိကန်နိုင်ငံသားတွေ နောက် ၄၈ နာရီအတွင်း အမြန်ဆုံးထွက်ခွာကြဖို့ အိမ်ဖြူတော်ကနေ တိုက်တွန်းလိုက်ပါတယ်။ 

ဆူလဗန်က “ ယူကရိန်းရှိ အမေရိကန်မှန်သမျှ အမြန်ဆုံး ထွက်ခွာသင့်ပါပြီ၊ နောက် ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း ဘာမဆို ဖြစ်လာနိုင်ပါတယ်၊ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ကျနော်တို့ အတိအကျ မပြောနိုင်ပါဘူး၊ အန္တရာယ်ကတော့ အမြင့်ဆုံးရောက်နေပါပြီ” လို့ ကြေညာသွားပါတယ်။ 

သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်ကနေ ဗီဒီယိုကတဆင့် ဥရောပခေါင်းဆောင်တွေနဲ့  စကားပြောပြီး အဆိုးဆုံးအခြေအနေကို ညီညီညွတ်ညွတ်ရင်ဆိုင်ကြဖို့ တိုက်တွန်းခဲ့ပြီးနောက်မှာ ဆူလဗန်က ထွက်ကြေညာခဲ့တာပါ။ 

သမ္မတပူတင်က ယူကရိန်းကိုတိုက်ဖို့ စတင်အမိန့်ပေးနေပြီလားဆိုတောတော့ ဆူလဗန်က မပြောခဲ့ပေမဲ့ ဂျိုးဘိုင်ဒင်က ပူတင်နဲ့ ဖုန်းကတဆင့်စကားပြောဖို့ရှိတယ်လို့တော့  ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up