close

ရွှေ့ပြောင်းဒုက္ခသည် ၃၀၀ ခန့်ကို စပိန်ကမ်းခြေစောင့်တပ်ဖွဲ့ ကယ်ဆယ်

အနောက်အာဖရိကရှိ စပိန်ပိုင် ကန်နာရီကျွန်းကို ရော်ဘာလှေတွေနဲ့ ကူးဖြတ်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၂၉၀ ကျော်ကို စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက် သောကြောနေ့မှာ ကယ်တင်ခဲ့ရပါတယ်။

ကမ်းခြေစောင့်ရေတပ်သင်္ဘောက လှေ ၆ စီးကို တွေ့ခဲ့ပြီး အများစုက မော်ရိုကိုနိုင်ငံကပါ။ ကန်နရီကျွန်းက ဥရောပကို ထွက်ချင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် ဂိတ်ပေါက်တခု ဖြစ်နေတာပါ။ 

ဒုက္ခသည်တွေ ထားတဲ့ စပိန်ရဲ့ အာဂူရင်းဂွင်း ဆိပ်ကမ်းကို  ပို့ဆောင်ဖို့ ရေတပ်သင်္ဘောနှစ်စင်း လိုအပ်ပါတယ်။

စပိန်ပြည်ထဲရေးဌာန ဒေတာတွေအရ ကန်နာရီကျွန်းကို ၂၀၂၀ ခုနှစ်မှာ ဒုက္ခသည် ၂၃,၂၇၁ ဦးရောက်ရှိပြီး ၂၀၂၁ ခုနှစ်မှာ ၂၂,၃၁၆ ဦး ရောက်ရှိခဲ့ပါတယ်။ 

စပိန်ကို ရောက်ဖို့ကြိုးစားရင် ပင်လယ်ထဲ အသက်ဆုံးရှုံးခဲ့သူ ၂၀၂၁ မှာ ၄,၄၀၀ ဦးရှိပြီး အဲဒီထဲမှာ ကလေး ၂၀၅ ဦး ပါဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up