ဩစတြေးလျ ဌာနေတိုင်းရင်းသားများက လွှတ်တော်ကို မီးရှို့

ဩစတေးလျနိုင်ငံ ဌာနေတိုင်းရင်းသားတွေက လူနည်းစု ဒေသခံများအခွင့်အရေး ရရှိဖို့အတွက် ရက်သတ္တပတ်အတော်ကြာအောင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်က ကင်ဘာရာမြို့တော်ရှိ လွှတ်တော်အဆောက်အအုံဟောင်းအဝင်ဝကို မီးရှို့ခဲ့ပါတယ်။
မီးသတ်ကားတွေ မရောက်ခင် လွှတ်တော် ရှေ့တံခါးမတွေ မီးစွဲလောင်သွားပါတယ်။ ဌာနေတိုင်းရင်းသားတွေဟာ ဩစတြေးလျ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းရှိပြီး ဒေသခံလူမျိုးစု အခွင့်အရေးအတွက် နှစ်ပေါင်း ၅၀ ဆက်တိုက် ဆန္ဒပြခဲ့ကြတာပါ။
နှစ် ၅၀ မြောက် ယခုနှစ်ဆန္ဒပြပွဲမှာ အစိုးရဆန့်ကျင်ရေးနဲ့ ဌာနေနိုင်ငံသားတို့ရဲ့ အချုပ်အခြာ အာဏာကို တောင်းဆိုပြီး လွှတ်တော်အဆောက်အုံရှေ့ကို မီးရှို့ခဲ့ပါတယ်။
ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က “ကျနော် ထိန်လန့်စိုးရိမ်ပါတယ်။ ဒါဟာ ဩစတြေးလျနိုင်ငံသားတွေရဲ့ ပုံမှန်အပြုအမူ မဟုတ်ပါဘူး။ နိုင်ငံရဲ့ ဒီမိုကရေစီပုံရိပ်ကို အများကြီး ထိခိုက်စေတယ်” လို့ ပြောပြီး လွှတ်တော်အဆောက်အုံ မီးရှို့တာကို ရှုတ်ချပါတယ်။