close

မတ္တရာတွင် စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ငါးကြိမ် မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်းတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်အစောပိုင်းက ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပကဖ(မတ္တရာ) ဆီက သိရပါတယ်။

စစ်ကောင်စီ ယာဥ်တန်းကို မတ္တရာမြို့နယ် ဥက္ကံကျေးရွာ နဲ့ ပွဲစားကုန်းကျေးရွာအကြားမှာ မနက် ၆ နာရီ ၅၅ မိနစ်က တစ်ကြိမ်၊ ဘိုးတော်တောင်ကွေ့အနီးမှာ တစ်ကြိမ် မိုင်းနှစ်ဆင့်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဦးက ပြောပါတယ်။

မိုင်းဆွဲခံရပြီး ဆက်လက်ထွက်ခွာလာတဲ့ ယာဥ်တန်းကို မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာ နဲ့ ဘိုကုန်းအကြားမှာ တစ်ကြိမ်၊ မနက် ၈ နာရီ ၄၀ မိနစ်က ကျောက်တံတား ကျေးရွာ စာသင်ကျောင်းတောင်ဘက်ရောက်ချိန် တစ်ကြိမ်၊ ၈ နာရီ ၄၇ မိနစ်က ကျောက်တံတားစာသင်ကျောင်းတောင်ဘက်မှာ တစ်ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုတိုက်ခိုက်မှုကို ပကဖ-မတ္တရာ နဲ့  Mandalay People's Defense Force(MPDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ကားတစ်စီး လမ်းဘေးထိုးကျနေတာတွေ့ရပြီး  အထိအခိုက် အကျအဆုံးကိုတော့ မသိရဘူးလို့ မျက်မြင်တစ်ဦးက ပြောပါတယ်။‌

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up