close

ယူကရိန်းအတွက် လက်ခုပ်တီးအားပေးချိန်၌ ချဲလ်ဆီးပရိသတ်အချို့ နှောင့်ယှက်မူပြုလုပ်

ဘန်လေအသင်းနဲ့ ပွဲစဉ်မစတင်ခင်မှာ ယူကရိန်းပြည်သူတွေကို အားပေးတဲ့အနေနဲ့ လက်ခုပ်တီး ချိန်မှာ ချဲလ်ဆီးပရိသတ်တချို့က ပိုင်ရှင် အေဗရာမိုဗစ် အမည်ကိုကြွေးကြော်ပြီး နှောင့်ယှက်မှု ပြုလုပ်ခဲ့ပါတယ်။ 

ပွဲမစတင်ခင်မှာ နှစ်ဖက်ကစားသမားတွေက ကွင်းလယ်စည်းဝိုင်းမှာ ရပ်ပြီး  ယူကရိန်းပြည်သူတွေအတွက် ၁ မိနစ်ခန့် လက်ခုပ်တီးအားပေးခဲ့ကြသလို ဘန်လေပရိ သတ်တွေဟာလည်း လက်ခုပ်တီးအားပေးခဲ့ကြတာပါ။ 

ဘန်လေကွင်းကို လာရောက်ကြည့်ရှုခဲ့ကြတဲ့ ချဲလ်ဆီးပရိသတ်တချို့ကတော့ အဲဒီလို လက်ခုပ်တီးအားပေးချိန်မှာ ပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုး အေဗရာ မိုဗစ်ရဲ့ အမည်ကို အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ 

ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ တူချယ်ကိုယ်တိုင် အသင်းရဲ့ပရိသတ်တွေအပေါ် ဝေဖန်ခဲ့ပြီး အားလုံးနဲ့အတူ စည်းလုံးညီညွှတ်မှုရှိသင့်ကြောင်း ပြောပါတယ်။ 

“သူတို့အနေနဲ့ အဲဒီအခိုက်အတန့်မှာတော့ မလုပ်ဆောင်သင့်ပါဘူး။ စည်းလုံး ညီညွတ်မှုကို ပြချင်တယ်ဆိုရင် အတူတကွဖြစ်သင့်ပါတယ်။ အဲဒီလို လက်ခုပ်တီးအားပေးတာက လေးစားမှုကို ပြသတဲ့အခိုက်အတန့်ပါ။ ကျနော်တို့ဟာ ယူကရိန်းပြည်သူတွေကို အားပေးခဲ့ရုံသ‌ေဖြစ်ပြီး အခြေအနေနဲ့ ပတ်သက်ပြီး တခြားအတွေးအမြင်မရှိပါဘူး။ ပရိသတ်တွေအနေနဲ့ အတူတကွ ဖြစ်သင့်ပြီး တခြားသတင်းစကားပါးရမယ့်အချိန်မဟုတ်ပါဘူး။” 

ချဲလ်ဆီးအသင်းပိုင်ရှင်မိုဗစ်ဟာ ဗြိတိန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ခံရတဲ့ ရုရှားလုပ်ငန်းရှင်တဦးဖြစ်ပြီး အသင်းကို မထိခိုက်စေဖို့အတွက် ရောင်းချဖို့ ဆွေးနွေးနေပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up