close

ပိုလန်ရောက် ယူကရိန်းဒုက္ခသည်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကန် စနေနေ့က ပိုလန်နိုင်ငံရှိ ယူကရိန်း ဒုက္ခသည်တွေ ထားတဲ့ ရှောပင်းမောလ်တခုကို စနေနေ့က သွားရောက်ခဲ့ပါတယ်။

ရုရှားကျူးကျော်မှု တပတ်ကျော်အတွင်း ယူကရိန်းဒုက္ခသည် ၁ ဒသမ ၃ သန်းကျော် နယ်စပ်ဖြန်ပြီး ပိုလန်နိုင်ငံကို ရောက်ရှိနေတာပါ။ ဒုက္ခသည်တွေက ပိုလန်နိုင်ငံရဲ့ ကူညီမှုကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ 

ဘလစ်ကန်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ နေတိုးအဖွဲ့ အစည်းအဝေးပြီးနောက် ပိုလန်ကို ရောက်ရှိလာတာပါ။ 

ယူကရိန်းကို အကူညီပေးနေတဲ့ ပိုလန်နဲ့ အခြားနိုင်ငံတွေကို လူသားချင်းဆိုင်ရာ အကူအညီ ထောက်ပံ့ဖို့ အမေရိကန်အစိုးရက လွှတ်တော်မှာ ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ တောင်းထားပါတယ်။ 

ပိုလန်ဟာ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့  နယ်မြေပိုင်နက်ကို တလက်မမှ အကျူးအကျော်မခံဘူးလို့ ဘလစ်ကန်က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up