close

ဩစတြေးလျ ခရစ်ကက်အကျော်အမော် နှလုံးရောဂါဖြင့် ကွယ်လွန်

အသက် ၅၂ နှစ်ရှိ ဩစတြေးလျ နာမည်ကျော် ခရစ်ကက်ကစားသား ရှိန်းဝါန်းဟာ ရုတ်တရက် နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သူ့မိသားစုက မတ် ၄ ရက်နေ့မှာ ပြောပါတယ်။

ရှိန်ဝါန်းဟာ ခရစ်ကက် နိုင်ငံတကာကစားသမားဘဝကို ၁၉၉၂ မှ ၂၀၀၇ ထိ ကစားခဲ့ပြီး၊ test wickets ၇၀၈ အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ 

ဩစတြေးလျ ဂန္တဝင်ခရစ်ကက် အကျော်အမော်ဟာ မိတ်ဆွေသုံးဦးနဲ့အတူ ထိုင်းနိုင်ငံ ကော့စမွီးကျွန်းမှာ အနားယူနေချိန် သံသယဖြစ်ဖွယ် နှလုံးရောဂါနဲ့ သေဆုံးခဲ့တယ်လို့ Telegraph သတင်းစာက ဖော်ပြပါတယ်။ 

ထိုင်းရဲရဲ့ စစ်ဆေးချက်အရ သီးသန့်တည်းခိုရာနေရာတခုမှတည်းနေတဲ့ ရှိန်ဝါန်းကို ညစာလာမစားလို့ သွားခေါ်ချိန်မှာ လဲကျနေတာ တွေ့ရပြီး ဆေးရုံကို အရေးပေါ်သယ်ဆောင်သွားပေမဲ့ ၅ မိနစ် အကြာမှာ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up