close

ရုရှားရုပ်သံများနှင့် ၁ နှစ်ပေါင် ၆ သန်းတန် စာချုပ်ကို ပရီးမီးယားလိဂ် ဖျက်သိမ်းမည်

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ ရုရှားရုပ်သံတွေနဲ့ ပေါင် ၆ သန်းတန် မူပိုင်ပြသခွင့်စာချုပ်တွေကို ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။ 

တယ်လီဂရပ်ဖ်သတင်းစာရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ်ရဲ့ ရှေ့နေတွေဟာ ရုရှားရုပ်သံတခုဖြစ်တဲ့ Rambler Media နဲ့ နောက်ဆုံးအဆင့်စကားပြောနေပြီး ဖျက်သိမ်းသွားတော့မယ်လို့ သိရပါတယ်။ 

ပရီးမီးယာလိဂ်ဟာ Rambler  Media နဲ့ ၃ လ စာချုပ်သက်တမ်းသာကျန်ရှိ တော့တာလည်း ဖြစ်ပါတယ်။ 

ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတာကြောင့် တခြားသော နာမည်ကြီးကုမ္ပဏီတွေနဲ့ အမှတ်တံဆိပ်တွေဟာလည်း ရုရှား ကုမ္ပဏီတွေနဲ့ စာချုပ်ဖျက် သိမ်းသွားဖို့ လုပ်ဆောင်နေကြတာပါ။ 

ပရီးမီးယားလိဂ်ဟာလည်း ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ လုပ်ဆောင်နေပြီး ယူကရိန်းကို ကျူးကျော်မှုအပေါ် အရေးယူမှုတခုဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာလည်း ယူကရိန်းနိုင်ငံနဲ့ ပြည်သူတွေကို ကစားသမားတွေ၊ အသင်းတာဝန်ရှိသူတွေနဲ့ ပရိသတ်တွေက ပွဲမစခင် ၁ မိနစ်လောက် လက်ခုပ်တီးပြီး အားပေးတာတွေ ပြုလုပ်နေပါတယ်။ 

အလားတူ  အက်ဖ်အေဖလားနဲ့ လိဂ်ဖလားပွဲစဉ်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကိုလည်း ဖျက်သိမ်းဖို့ နီးစပ်နေပါတယ်။  အဲဒီပြိုင်ပွဲတွေအတွက် မူပိုင်ပြသခွင့်ကို Match TV၊ Football TV တို့နဲ့ ချုပ်ဆိုထားတာဖြစ်ပြီး အခုနှစ်ရာသီအကုန် သက်တမ်းကုန်ဆုံးမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up