close

စမွတ်ပရကန်တွင် ဆီတင်သင်္ဘော မီးလောင်ပေါက်ကွဲ၊ ၂ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင် စမွတ်ပရကန်မြို့နယ်ထဲမှာ ဒီကနေ့မနက်က ဆီတင်သင်္ဘောတစီး မီးလောင်ခဲ့ပါတယ်။ 

စမွတ်ပရကန်မြို့ ဆုခ်ဆဝဒီ ၄၅ လမ်းရှိ အိုင်အာရ် အိုင်စီလှေဆိပ်မှာ ဒီနေ့မနက် ၉ နာရီကျော်က ဆီတင်သင်္ဘောတစီး  မီးလောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လေကြောင်းအာဏာပိုင်နဲ့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်မီးငြှိမ်းကယ်ဆယ်ခဲ့ကြတယ်လို့ တာဝန်ရှိသူတဦးက ပြောကြောင်း သနေရှင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်နေလို့ ကယ်ဆယ်ရေးအဖွဲ့က ချက်ချင်းအနီးကပ်လို့မရဘဲ အဝေးကနေ မီးလှမ်းငြှိမ်းနေကြောင်း၊  သင်္ဘောပေါ်က လူ ၂ ယောက် ရေထဲခုန်ချပြီး ကမ်းစပ်အရောက် ကူးခတ်လာလို့ အသက်ဘေးမှ လွတ်မြောက်ပေမယ့် ဒဏ်ရာအနည်းငယ်ရတယ်လို့ ဆိုပါတယ်။ 

မနက် ၉ နာရီ ၅၀ မိနစ်လောက်မှာ မီးညွန့်ကျိုးသွားပြီး မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ဆုံးရှုံးမှုအခြေအနေတော့ စုံစမ်းစစ်ဆေးဆဲပဲလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up