close

လေးကေ့ကော်မြို့သစ်တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက ရဟတ်ယာဉ် ၂ စီးဖြင့် တိုက်ခိုက်

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ မတ်လ ၉ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ၃၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့က လေးကေ့ကော်မြို့သစ်တောင်ကုန်းပေါ်မှာ ကင်းလှည့်နေချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၂ ဦးကျဆုံးခဲ့ပြီးနောက် အလောင်းပြန်မကောက်ဘဲ ဆုတ်ခွာသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီနောက် စစ်ကောင်စီတပ်က ညနေ ၄ နာရီလောက်မှာ စစ်ရဟတ်ယာဉ် ၂ စီးနဲ့ လေးကေ့ကော်မြို့သစ်တောင်ဘက် KNLA ယာယီစခန်းတွေကို လာရောက် ပစ်ခတ်ခဲ့ပြီး ထိခိုက်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ကရင်ပြည်နယ် မြဝတီခရိုင်ထဲက တပ်မဟာ ၆ ဒေသအတွင်း စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ထားတဲ့ စခန်း‌တွေကနေ ၃ ရက်အတွင်း ထွက်ခွာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up