close

ဧရာဝတီတိုင်း ပင်လယ်ဝကျေးရွာများ၌ လေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာ (ရုပ်သံ)

မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့က ပင်လယ်ဝမှာ  တည်ရှိတဲ့ကျေးရွာတွေကို လေတွေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်မှာရှိတဲ့ ဧရာကျေးရွာနဲ့ လပွတ္တာမြို့နယ် အောင်လှိုင်ကျေးရွာကို မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်ကစတင်ကာ ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

လပွတ္တာမြို့နယ်နေ  ဒေသခံတဦးက “ဒီနေ့လယ်ပိုင်းမှာ ရေစဝင်လာတာ ဗြုန်းဆိုရောက်လာတာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းတက်လာတာ။ တော်တော်များများကတော့ ဆိုင်ကလုန်းရှယ်တာတွေဘက်ကို သွားပြီ။ ဒီဘက်က သွားဖို့မလွယ်လို့ အိမ်အမြင့်ရှိတဲ့ အိမ်မှာပေါင်းနေနေတာ” လို့ ပြောပါတယ်။ 

ဧရာဝတီတိုင်းအတွင်းက ပင်လယ်နဲ့နီးတဲ့မြို့နယ်တွေမှာ လေတိုက်ပြီး ရေတက်လာတာတွေရှိပြီး လေတအားတိုက်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ 

တိုင်းအတွင်းက တခြားမြို့နယ်အများစုမှာတော့ လေနည်းနည်းတိုက်ပြီး မိုးရွာတာမျိုးတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အားကောင်းတဲ့ မုန်တိုင်းဟာ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နားကနေ စတင်ဝင်ရောက်နေပြီးလို့  စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ဒီနေ့ မွန်းလွဲ ၁၂ နာရီခွဲ  သတင်းထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up