သိမ်းဆည်းရရှိခဲ့သည့် ရုရှားတင့်ကားနှင့်စစ်လက်နက်များကို ယူကရိန်း ပြသ

2
သိမ်းဆည်းရရှိခဲ့တဲ့ ရုရှားသံချပ်ကာယာဉ်တွေ၊ လေယာဉ်ပစ်လောင်ချာ တပ်ဆင်ထားတဲ့ ကားတွေ၊ မြေပြင်မှ ဝေဟင်ပစ် စစ်လက်နက်ပစ္စည်းမျိုးစုံနဲ့ မစ်ဇိုင်းမျိုးစုံတို့ကို ယူကရိန်းစစ်တပ်က မတ် ၂၉ ရက်နေ့မှာ ပြသခဲ့ပါတယ်။
အဆိုပါ လက်နက်အများအပြားဟာ ယူကရိန်းအရှေ့ဘက် ခါရ်ကိဗ်နဲ့ ချူဟွိဗ်မြို့ကြား ဟိုက်ဝေးလမ်းမကြီးပေါ်မှာ စွန့်ပစ်ထားခဲ့တာပါ။
သိမ်းဆည်းရခဲ့တဲ့ ရုရှားစစ်လက်နက်တွေကို ပြန်လည်ပြင်ဆင် အသုံးပြုသွားမယ်လို့ ယူကရိန်းစစ်တပ်က ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။