မဲခွဲမှုတွင် အုပ်စုချောင်ခဲ့သည့် အင်္ဂလန်အသင်း ဗိုလ်စွဲရန် ဒုတိယရေပန်းအစားဆုံးဖြစ်လာ

ကမ္ဘာ့လားမဲခွဲမှုမှာ အုပ်စုချောင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းအစားဆုံး အသင်းဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ အီရန်၊ အမေရိကန်နဲ့ ဥရောပဇုန် ပလေးအော့ဖ်ဗိုလ်လုပွဲမှာ အနိုင်ရတဲ့အသင်းတွေနဲ့ အုပ်စု B မှာ ကျရောက်ခဲ့တာပါ။
ပလေးအော့ဖ်ဗိုလ်လုပွဲကို ဝေးလ်အသင်းက တက်ရောက်ထားပြီး စကော့တလန်နဲ့ ယူကရိန်းပွဲမှာ အနိုင်ရတဲ့အသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ်ကစားသွားရမှာပါ။
အင်္ဂလန်အသင်းအနေနဲ့ အုပ်စုတက်ဖို့ တခြားအသင်းတွေလောက် ခက်ခဲမှုမရှိနိုင်တာကြောင့် လောင်းကစားဒိုင်တွေရဲ့ အလေးပေးမှုမြင့်တက်လာခဲ့ပြီး ဘရာဇီးအသင်းပြီးရင် ဒုတိယ ရေပန်းအစားအဆုံးအသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။
oddschecker ရဲ့ အလေးပေးမှုအရ ဘရာဇီးအသင်းက ၁၁ လေး ၂ လေးနဲ့ ချန်ပီယံဖြစ်ဖို့ ရေပန်းအစား ဆုံးအသင်းအဖြစ် သတ်မှတ်ခံရပါတယ်။
အင်္ဂလန်အသင်းက ကနဦးအလေးပေးမှုမှာ ၁၅ လေး ၂ လေးကနေ မဲခွဲပြီးနောက်မှာ ၇ လေး ၁ လေးနဲ့ ဒုတိယရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်ရဲ့နောက်မှာ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနား၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီအသင်းတွေ က အစဉ်လိုက်ရပ်တည်နေပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အုပ်စုပထမနေရာရခဲ့ရင် ကာတာ၊ အီကွေဒေါ၊ ဆီနီဂေါနဲ့ ဟော်လန်တို့ပါဝင်တဲ့ အုပ်စု A က ဒုတိယရအသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။