close

ချဲလ်ဆီးနောက်ခံလူ ဆေးလ်ဗားဝေဖန်ခံရမှုအပေါ် ဇနီးဖြစ်သူ ပြန်လည်တုံ့ပြန်

ချဲလ်ဆီးနောက်ခံလူ သီယာဂိုးဆေးလ်ဗားဝေဖန်ခံရမှုအပေါ် ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်မှုတွေ ပြုလုပ်သွားပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဧပြီ ၂ ရက်နေ့က ဘရန့်ဖို့ဒ်အသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ်ခဲ့ရပြီး သီယာဂိုဆေးလ်ဗား ဦးဆောင်တဲ့ခံစစ်ပိုင်းကို နည်းပြတူချယ်က ဝေဖန်ခဲ့သလို ဘောလုံး တင်ဆက်သူတွေကလည်း ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။ 

ဆေးလ်ဗားရဲ့ဇနီးဖြစ်သူ ဘယ်လီဟာ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်ကို ပွဲတင်ဆက်သူတွေရှိတဲ့ အနား ကပွဲကြည့်စင်ကနေ အားပေးခဲ့တာပါ။ တင်ဆက်သူတွေက နောက်ခံလူ သီယာဂိုဆေးလ်ဗားရဲ့ စွမ်းဆောင်ရည်ကို လုံလောက်မှုမရှိကြောင်း ဝေဖန်ခဲ့ကြပါတယ်။ 

ဆေးလ်ဗားရဲ့ဇနီးဖြစ်သူ ဘယ်လီကတော့ အဲဒီလိုဝေဖန်ခံရတဲ့အပေါ် အင်စတာ ဂရမ်ကနေတစ်ဆင့် ဗွီဒီယိုရိုက်ပြီး ဆေးလ်ဗားက စက်ရုပ်မဟုတ်ဘဲ အနားယူဖို့ လိုအပ်ကြောင်း ပြန်လည်ဝေဖန်သွားခဲ့ပါတယ်။ 

“သီယာဂိုဆေးလ်ဗားကို လေးစားမှုရှိသင့်ပါတယ်။ သူက မနေ့ကမှ ဘရာဇီးကနေပြန်ရောက်ပြီး အလွန်ပင်ပန်းနေပါတယ်။ သူ့အသက်က ၃၇ နှစ်ရှိပြီဖြစ်ပေမယ့် အသက် ၂၀ လူငယ်တစ်ယောက်လို ကစားနေရတယ်။ ဒါကြောင့် သူ့ကို လေးစားမှုရှိပါ။ သူကစက်ရုပ် မဟုတ်ပါဘူး။ အနားယူဖို့လိုပါတယ်” လို့ ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်ခဲ့တာပါ။ 

သူမဟာ အသင်းတိုက်စစ်မှူး တီမိုဝါနာ ဂိုးပေါက်ပျောက်နေစဉ်ကလည်း အင်စတာဂရမ်ကနေ ဝေဖန်မှုတချို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up