ရုရှားနည်းဗျူဟာပြောင်းပါက ယူကရိန်းကိုကူညီနေသည့် ဗြိတိန်၏ကာကွယ်ရေးစနစ် ပြောင်းမည်

ယူကရိန်း စစ်ပွဲမှာ ရုရှားဘက်က နည်းဗျူဟာ ပြောင်းလဲခဲ့ရင် ယူကရိန်းကို အကူအညီပေးနေတဲ့ ဗြိတိန်ရဲ့ ကာကွယ်ရေးစနစ်ကိုလည်း အပြောင်းအလဲလုပ်သွားမယ်လို့ ရိုမေးနီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က ပြောပါတယ်။
“ပူတင်ရဲ့ ပြုလုပ်ခဲ့တဲ့ ရလဒ်တွေကြောင့်ပဲ တိုက်ခိုက်ရေးလက်နက်တွေ ပိုပြီး ကူညီပေးနေတာပါ။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်မှာ တပ်တွေ ပုံအောချထားတာပါ။ ဒါဟာ ၂၀၁၄ မှာ သူကျူးကျော်ခဲ့တဲ့ အမှားကြောင့်၊ ၂၀၀၈ က သူလုပ်ခဲ့တဲ့အမှားကြောင့် ကျနော်တို့တပ်တွေ အခုလို တပ်တွေ ပိုချထားရတာ။ ရလဒ်က သူမျှော်လင့်တာနဲ့ ပြောင်းပြန်သက်ရောက်မှာပဲ။၊ ဗြိတိန်က လက်နက်တွေ ဆက်ကူညီနေမှာပဲ။ ယူကရိန်းကို ကတိအတိုင်း ပုံအောကူညီသွားမှာပဲ။ ရုရှားဘက်က နည်းဗျူဟာ ပြောင်းလဲခဲ့ရင်တော့ ကျနော်တို့လည်း ပြောင်းလဲပေးမှာပါ။”
ဝေါလေ့စ်က “ဘာရန်းပင်လယ် (Barents Sea) ကနေ ပင်လယ်နက် (Black Sea) အထိ နေတိုးတပ်တွေကို ဗြိတိန်က လက်နက်တွေ ထည့်ဝင်သွားမယ်၊ ပူတင်အနေနဲ့ ကျနော်တို့ထားတဲ့ တန်းဖိုးတွေကို အပေးအယူ အလျှော့အတင်း လာမလုပ်ပါနဲ့” လို့ ပြောပါတယ်။
သူက ရိုမေးနီးယားနိုင်ငံမှာ အခြေစိုက်နေတဲ့ ဗြိတိသျှ တော်ဝင်လေတပ်အဖွဲ့ကို လာရောက်အား ပေးရင်း ပြောခဲ့တာပါ။၊