သီရိလင်္ကာနိုင်ငံရှိ ပဋိပက္ခအတွင်း သေဆုံးသူ၏ ဈာပန ပြုလုပ်

သီရိလင်္ကာနိုင်ငံ ရမ်ဘက်ခါနာ မြို့မှာ လွန်ခဲ့တဲ့ တပတ်က ရဲတွေနဲ့ ဆန္ဒပြသမားတွေကြား ဖြစ်တဲ့ ပဋိပက္ခအတွင်း သေဆုံးသွားသူရဲ့ ဈာပနကို စနေနေ့က ပြုလုပ်ပါတယ်။
ကလေးနှစ်ယောက် ဖခင်ဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် ချာမင်ဒါ လက်ခ်ရှန်းရဲ့ ဈာပနကို ဗုဒ္ဓဘာသာ သံဃာ အပါး ၁၀၀ လောက်လည်း ကြွရောက်လာပြီး ဓလေ့ထုံးတမ်းနဲ့ အညီ ဆောင်ရွက်ပေးပါတယ်။
လောင်စာဆီ အကျပ်အတည်းဆိုက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ လက်ခ်ရှန်းဟာ တခြားလူတွေလိုပဲ ဓာတ်ဆီဆိုင်တဆိုင်မှာ တန်းစီနေတုန်း လူတန်းရှည်ကြီးကို စိတ်မရှည်တော့တဲ့ လူတွေနဲ့ ရဲတွေ ကြား ပဋိပက္ခအတွင်း ကြားညှပ်ပြီး အသက်ဆုံးတဲ့အထိ ဖြစ်သွားတာပါ။
အရင်လကစလို့ ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက် ဖြစ်နေတဲ့ သိရီလင်္ကာမှာ လက်ချ်ရှန်းဟာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး ပထမဆုံး သေဆုံးခဲ့ရသူလည်း ဖြစ်ပါတယ်။
ရမ်ဘက်ခါနာမြို့ဟာ သိရီလင်္ကာနိုင်ငံအလယ်ပိုင်းက မြို့ငယ်လေးဖြစ်ပြီး တချို့မြို့ခံတွေဟာ ဓာတ်ဆီရဖို့ ဆီဆိုင်မှာ ညလုံးပေါက်အောင် စောင့်ကြရပါတယ်။
အခုကြုံနေရတဲ့ စီးပွားရေး အကြပ်အတည်းကို ပြေလည်အောင် မဖြေရှင်ပေးနိုင်တဲ့ သမ္မတ ရာဂျာပက်စာ ကို နုတ်ထွက်ပေးဖို့ နိုင်ငံတဝှမ်းလုံးမှာ ပြည်သူတွေ ဆန္ဒပြနေကြပါတယ်။