close

တပွဲအလိုတွင် ချန်ပီယံဖြစ်ခဲ့သည့် ဖူဟမ်အသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရရှိ

ချန်ပီယံရှစ်ကလပ် ဖူဟမ်အသင်းဟာ ပြိုင်ပွဲပြီးဆုံးဖို့ တပွဲအလိုမှာ ချန်ပီယံဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တန်းတက်ခွင့်ရရှိခဲ့ပါတယ်။ 

ဖူဟမ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လူတန်အသင်းနဲ့ပွဲစဉ်မှာ ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး လက်ကျန် ၁ ပွဲအလိုမှာ ချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့တာပါ။ 

ဒုတိယနေရာက ဘုန်းမောက်အသင်းထက် တပွဲပိုကစားထားပေမယ့် ၈ မှတ်အထိ ဖြတ်နိုင်ခဲ့တာကြောင့် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။ 

လူတန်နဲ့ပွဲမှာ တိုက်စစ်မှူး မီထရိုဗစ်က ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၄၃ ဂိုးအထိ ရှိလာခဲ့ပါတယ်။ 

ဒါဟာ ၁၉၉၂-၉၃ ရာသီက ဝိူက်တင်ဟမ် တင်ရှိထားတဲ့ တရာသီအတွင်း ၄၂ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ 

ဖူဟမ်အသင်းအနေနဲ့ကတော့ ၂၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ခဲ့တာပါ။ 

ဖူဟမ်အသင်းဟာ ၂၀၁၈-၁၉ ရာသီက တန်းတက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်း ၂ ကြိမ်တန်းဆင်းခဲ့ရပြီး ပရီးမီးယားလိဂ်ဆီကို ၃ ကြိမ်မြောက် တန်းတက်နိုင်ခဲ့တာပါ။ 

ဖူဟမ်အသင်းဟာ လက်ကျန်တပွဲအလိုမှာ သွင်းဂိုးစုစုပေါင်း ၁၀၆ ဂိုးရရှိခဲ့ပြီး ၂၀၀၁-၀၂ ရာသီက ချန်ပီယံရှစ်မှာ မန်စီးတီးအသင်း တင်ရှိခဲ့တဲ့ ၁၀၈ ဂိုးစံချိန်ကိုမီဖို့ နီးစပ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up