close

ယူကရိန်းစစ်ပွဲကြောင့် ဂျပန် ပန်းဂျုံခေါက်ဆွဲတင်သွင်းမှု ထိခိုက်နေ

ဂျပန်နှစ်သစ်ကူးမှာ ကံကောင်းစေဖို့ မဖြစ်မနေ စားကြတဲ့ ပန်းဂျုံခေါက်ဆွဲဟာ အပူဖြစ်စေ၊ အအေးဖြစ်စေ စားလို့ရတဲ့ ဈေးချိုတဲ့ နာမည်ကျော် စားစရာပါ။

ထိုင်ခုံမပါဘဲ မတ်တတ်စားရပြီး ကုန်ကျစရိတ် သက်သာလို့ အလုပ်သမားတွေ၊ ကျောင်းသားတွေ အမြန်စားကြတဲ့ စားစရာလည်း ဖြစ်ပါတယ်။

ကယ်လိုရီနည်းပါးပြီး အာဟာရပြည့်ဝ ကျန်းမာစေလို့ နာမည်ကျော်ခဲ့ပေမယ့် ခုတော့ ဂျပန်ခေါက်ဆွဲဟာ ယူကရိန်းစစ်ပွဲကြောင့် ထိခိုက်လာခဲ့ပါတယ်။

ပန်းဂျုံခေါက်ဆွဲလုပ်တဲ့ ပန်းဂျုံကို ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းနိုင်ငံဟာ ရုရှားပါ။ ဒဏ်ခတ်မှုတွေအောက်မှာ ရုရှားပန်းဂျုံကို ခုချိန်ထိ တင်သွင်းနိုင်ဆဲဖြစ်ပေမဲ့ မတည်ငြိမ်မှုနှင့် ခရီးလမ်းပန်း ပြတ်တောက်မှုတွေကြောင့် ဝယ်လိုအား အဟန့်အတား ဖြစ်နေတာပါ။ ဒါကြောင့် ဂျပန်ခေါက်ဆွဲဈေးလည်း ၁၅ ရာခိုင်နှုန်းထိ တက်သွားခဲ့တယ်လို့ ခေါက်ဆွဲဆိုင်ရှင်တယောက်က ပြောပါတယ်။

ဂျပန်ဟာ ပန်းဂျုံဈေးကွက်ဝယ်လိုအားရဲ့ ၄၂ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်တယ်လို့ ဂျပန်ခေါက်ဆွဲအသင်းက ဆိုပါတယ်။

ဈေးကွက်ကွာဟချက်ကို တင်သွင်းရာမှာ ရုရှားဟာ ၂၀၁၈ တုန်းက တတိယအကြီးဆုံး အရင်းအမြစ် ဖြစ်တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၂၁ မှာတော့ တရုတ်ပြီးရင် ဒုတိယအကြီးဆုံးရင်းမြစ် ဖြစ်လာပြီး ၂၀၂၂ ဖေဖော်ဝါရီမှာတော့ ဂျပန်ကို ပန်းဂျုံ အများဆုံး တင်သွင်းသူ ဖြစ်လာခဲ့တာပါ။ ခုတော့ ဒဏ်ခတ်မှုတွေနဲ့ ရုရှားဘဏ်စနစ်ကို နှိမ်နင်းမှုတွေကြောင့် ပန်းဂျုံဝယ်သူတချို့ ငွေပေးချေဖို့ ခက်ခဲလာခဲ့ပါတယ်။

သင်္ဘောတင်ပို့မှု နှောင့်နှေးကုန်လို့ ရုရှား ပန်းဂျုံဈေးနှုန်းဟာ ကျန်ခဲ့တဲ့ ၆ လအတွင်း ၃၀ ရာခိုင်နှုန်းထိ ထိုးတက်သွားခဲ့တယ်လို့ နစ်ခိုးခု ဆေးအိဖန်ကုမ္ပဏီရဲ့ အဝယ်ဌာန အကြီးအကဲ ဟွားယွဲ့က ပြောပါတယ်။ သူ့ကုမ္ပဏီဟာ ပန်းဂျုံကို ရုရှားနဲ့ တရုတ်နိုင်ငံတွေကနေ တင်သွင်းပါတယ်။

ရုရှားက သွင်းအားစု လျှော့သင့်ပြီမို့ သူဟာ ကမ္ဘာ့ပန်းဂျုံ ဒုတိယအများဆုံး ထုတ်လုပ်သူ တရုတ်နိုင်ငံကနေ တင်သွင်းဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။

ဂျပန် ခေါက်ဆွဲစားသုံးသူတွေကတော့ ခေါက်ဆွဲဈေး တက်ပေမဲ့ သူတို့မှာ ကန့်သတ်ချက် ရှိတယ်လို့ ဆိုပါတယ်။

ပုံမှန်စားသုံးသူ ရုံးလုပ်သား ခေးအိဒိုင်း ဖုခငဟရကတော့ ခေါက်ဆွဲတပွဲ ယန်းငါးရာလောက်မှာ ရပ်ဖို့ မျှော်လင့်ထားတယ်လို့ ပြောခဲ့ပါတယ်။ လောလောဆယ် ပန်းဂျုံခေါက်ဆွဲတပွဲဟာ ပါဝင်တဲ့ အစာပလာပေါ် မူတည်ပြီး ယန်း ၂၉၀ ကနေ ၅၀၀  ကြားမှာ တန်ဖိုးရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up