close

ဂျာမနီနှင့် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးတို့ ယူကရိန်းသမ္မတကို သွားရောက်တွေ့ဆုံ

ဂျာမနီနိုင်ငံနဲ့ နယ်သာလန်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ မေ ၁၀ ရက်နေ့က ယူကရိန်းနိုင်ငံ မြို့တော် ကီးယက်ဗ်ကို ရောက်သွားပြီး ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံပါတယ်။

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေပေးဖို့ ကိစ္စနဲ့ ရုရှားတပ်တွေ ဘူချာမြို့မှာ ရာဇဝတ်မှုမြောက် ကျူးလွန်ခဲ့တဲ့ အကြောင်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းသမ္မတနဲ့ မတွေ့ခင်မှာ ဘူချာမြို့ဆီကို ကိုယ်တိုင်သွားပြီး လေ့လာခဲ့ပါသေးတယ်။

ရုရှားဘက်ကတော့ ဒီလို စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေ ကျူးလွန်တာ မရှိဘူးလို့ ငြင်းဆန်နေတာပါ။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နောက်ပိုင်း ယူကရိန်းကို သွားရောက်တဲ့ အဆင့်မြင့်ဆုံး ဂျာမန်အစိုးရ ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဂျာမနီဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့လိုပဲ ယူကရိန်းမြို့တော် ကီးယက်ဗ်မှာ မနေ့ကစလို့ သံရုံးကို ပြန်ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up