ဒေါ်နယ်ထရမ့်ကို တွစ်တာက တားမြစ်ပိတ်ပင်ထားမှု ပြန်ရုပ်သိမ်းမည်ဟု အီလွန်မက်စ်ခ်ပြော

357
တက်စ်လာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ခ်ဟာ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ တားမြစ်ပိတ်ပင်ထားတာကို ပြန်ရုပ်သိမ်းမယ်လို့ ပြောလိုက်ပါတယ်။
မေ ၁၀ ရက်နေ့က Financial Times Future of the Car ညီလာခံမှာ မိန့်ခွန်းပြောချိန် အီလွန်မက်စ်ခ်က ခုလို ပြောလိုက်တာပါ။ သူ့ကိုယ်သူ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဝါဒီလို့လည်း ဆိုပါတယ်။
သူဟာ တွစ်တာ လူမှုကွန်ရက်ကို လတ်တလောမှာ အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ဖို့ လက်မှတ်ထိုးထားသူ ဖြစ်ပါတယ်။ တွစ်တာကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။