close

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူ အင်တာမီလန်ဆီ ပြန်လည်ပြောင်းရွှေ့မည်

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ အသင်းဟောင်း အင်တာမီလန်ဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကမှ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမဲ့ နည်းပြတူချယ်ရဲ့ ကစားကွက်မှာ အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

လာမယ့်ရာသီမှာ အင်တာမီလန်အသင်းဆီကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့မှာဖြစ်ပြီး လုပ်ခလစာအနေနဲ့ တနှစ်ကို ပေါင် ၁၀ သန်းကျော် ရရှိတာကနေ အင်တာမီလန်မှာ ပေါင် ၆ သန်းကျော်ပဲ ရရှိမှာဖြစ်တယ်လို့ အီတလီသတင်းစာတွေမှာ ဖော်ပြပါတယ်။

အသက် ၂၉ နှစ်ရှိ တိုက်စစ်မှူး လူကာကူဟာ ၂၀၁၉ ခုနှစ်က မန်ယူအသင်းကနေ အင်တာမီလန်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပြီး အီတလီစီးရီးအေချန်ပီယံဆုဖလား ရယူနိုင်ခဲ့သလို တဦးချင်းခြေစွမ်းအရလည်း ၉၅ ပွဲမှာ ၆၄ ဂိုးအထိ သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။

ဒါပေမဲ့ အသင်းဟောင်း ချဲလ်ဆီးကို ပြန်ရောက်ချိန်မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၁၅ ဂိုးပဲ သွင်းယူနိုင်ခဲ့ပါတယ်။

//
Up