close

ဆီနီဂေါပြည်သူအများစု၏ ဆန္ဒကြောင့် လီဗာပူးမှထွက်ခွာမည်ဟု မာနေးပြော

ဆီနီဂေါပြည်သူအများစုရဲ့ဆန္ဒသဘောထားကြောင့် လီဗာပူးအသင်းကနေ ထွက်ခွာတော့မယ်လို့ တိုက်စစ်မှူး မာနေးက အတည်ပြု ပြောကြားလိုက်ပါတယ်။

မာနေးဟာ လီဗာပူးဘက်က သက်တမ်းတိုးဖို့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး အသင်းကနေထွက်ခွါဖို့ဆုံးဖြတ်တာဟာ ဆီနီဂေါပြည်သူအများစုရဲ့ ဆန္ဒကြောင့်ဖြစ်ကြောင်းနဲ့ သူတို့အလိုရှိတဲ့အတိုင်း လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ မာနေးက အာဖရိက ဖလားခြေစစ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာပါ။

“ကျနော့်အနေနဲ့ လီဗာပူးအသင်းနဲ့ ပရိသတ်တွေကို လေးစားမှုရှိပါတယ်။ ဒါပေမဲ့ ဆီနီဂေါပြည်သူတွေရဲ့ ၆၀-၇၀ ရာခိုင်နူန်းလောက်က လီဗာပူးကနေ ထွက်ခွါဖို့ဆန္ဒရှိနေကြတယ်။ သူတို့ရဲ့အလိုဆန္ဒအတိုင်း ကျနော်လုပ်ဆောင်ရပါလိမ့်မယ်”လို့ မာနေးက ပြောပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးမာ နေးကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပြီး လီဗာပူးက ပေါင် ၃၄ သန်းလောက် အလိုရှိနေပါတယ်။ 

//
Up