close

ဖိလစ်ပိုင်သမ္မတအဖြစ် ဖာဒီနန် မားကို့စ် ဂျူနီယာ ကျမ်းသစ္စာကျိန်ဆို

ကွယ်လွန်သူ အာဏာရှင် ဖာဒီနန်မားကို့စ်ရဲ့ သားဖြစ်သူ မားကို့စ်ဂျူနီယာဟာ ဖိလစ်ပိုင်သမ္မတအဖြစ် ဇွန် ၃၀ ရက် ဒီနေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ကမ္ဘာကျော် လူထုအုံကြွမှုမှာ ဖြုတ်ချခံခဲ့ရပြီးနောက် ၃၆ နှစ်အကြာမှာ အာရှတိုက်ရဲ့ အကျော်ကြားဆုံး နိုင်ငံရေးမျိုးရိုး အဆက်အနွှယ်ထဲက အံ့မခန်း တကျော့ပြန် အာဏာရလာတာလည်း ဖြစ်ပါတယ်။

မားကို့စ်ဂျူနီယာဟာ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲမှာ ရှားရှားပါးပါး အပြတ်အသတ် အနိုင်ရရှိခဲ့တာပါ။

သူ့ကိုဝေဖန်သူတွေကတော့ အာဏာအလွဲသုံးစားပြုပြီး အကျင့်ပျက်ခြစားတဲ့  ကမ္ဘာ့နာမည်ဆိုးနဲ့ အကျော်ကြားဆုံး အစိုးရခေါင်းဆောင်ရဲ့ မိသားစုအပေါ် အများသူငါ အမြင်တွေကို ပြောင်းလဲဖို့ ဆယ်စုနှစ်များစွာကြာအောင် ကြိုးပမ်းအားထုတ်မှုလို့ ဆိုပါတယ်။

ဘွန်ဘွန်လို့ လူသိများတဲ့ ဖာဒီနန် မားကို့စ် ဂျူနီယာဟာ စည်းလုံးညီညွတ်ရေး ကြွေးကြော်သံတွေ ပဲ့တင်ထပ်နေတဲ့ မိန့်ခွန်းထဲမှာ လူတိုင်းကို အကျိုးရှိစေမယ့် မူဝါဒတွေနဲ့ နိုင်ငံကို တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“ကျွန်ုပ်တို့ တွေ့ကြုံခဲ့ရတဲ့ အကောင်းအဆိုး အတွေ့အကြုံတွေအရ ကောင်းမွန်တဲ့အရာတွေကို ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ဖြစ်ပြီး အတိတ်ကို နောက်ပြန် ဒေါသဖြစ်၊ နောင်တရနေစရာ မလိုကြောင်း” ပြောသွားပါတယ်။

//
Up