close

အတူတကွတိုက်ပွဲဝင်ကြရန် မန်ယူပရိသတ်ကို နည်းပြတန်ဟတ်ဂ် တိုက်တွန်း

မန်ယူနိုက်တက်အသင်းပရိသတ်တွေအနေနဲ့ အသင်းကိုဝန်းရံပြီး အတူတကွတိုက်ပွဲဝင်ကြဖို့ နည်းပြတန်ဟတ်ဂ်က တိုက်တွန်းလိုက်ပါတယ်။

မန်ယူအသင်းပရိသတ်တွေဟာ  တနင်္လာနေ့မှာကစားမယ့် လီဗာပူးအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ လာရောက်ကြည့်ရှုခြင်းမလုပ်ဘဲ အသင်းပိုင်ရှင်ဂလေဇာ မိသားစုကို သပိတ်မှောက်ဆန္ဒပြဖို့ စီစဉ်နေကြတာပါ။

နည်းပြတန်ဟတ်ဂ်ကတော့ ပိုင်ရှင်ဂလေဇာမိသားစုဟာ အသင်းကိုနိုင်ပွဲရရှိချင်သူတွေဖြစ်ပြီး ပရိသတ်တွေဘက်က အသင်းရဲ့ နောက်မှာ ရပ်တည်ပေးစေချင်ကြောင်း တိုက်တွန်းပါတယ်။ 

“ဒါမျိုးအခြေအနေကို တခါတလေမှာတော့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော်က ဒီအသင်းမှာ ခုမှစရောက်တာဖြစ်လို့ နောက်ခံအကြောင်းတရားတွေကိုသိပ်မသိပါဘူး။ သေချာတာကတော့ ကျနော်တို့ စည်းလုံးညီညွတ်စွာနဲ့ အတူတကွတိုက်ပွဲဝင်သွားရပါမယ်”လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

မန်ယူအသင်းဟာ လီဗာပူးနဲ့ ပွဲမတိုင်ခင်မှာ ရီးရဲလ်ကွင်းလယ်လူ ကတ်စမဲရိုးကို ခေါ်ယူလိုက်တာကြောင့် ပရိသတ်တွေဘက်က ဒေါသပြေလျော့သွားဖို့ရှိနေပါတယ်။

//
Up