တူရကီတွင် ဂျာနယ်လစ်နှင့် ကယ်ဆယ်ရေးသမားများအပါအဝင် ၁၆ ဦး ကားမှောက် သေဆုံး

5
တူရကီနိုင်ငံအရှေ့တောင်ပိုင်းမှာ ဩဂုတ် ၂၀ ရက်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဂျာနယ်လစ်တွေ လိုက်ပါလာတဲ့ ကားတစီး တိမ်းမှောက်ခဲ့ပြီးနောက် လူ ၁၆ ယောက်ထက် မနည်း သေဆုံး သွားပါတယ်။
ဂါဇီယန်တပ်မြို့ အနားက အဝေးပြေးလမ်းမပေါ်မှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံပိုင်ရုပ်သံ အန်နာဒိုလူသတင်းမှာတော့ သေဆုံးသူတွေထဲမှာ မီးသတ်သမား ၃ ယောက်၊ အရေးပေါ် ကယ်ဆယ်ရေးသမား ၄ ယောက်၊ ဒရုန်းရိုက်ကူးရေးသမား ၂ ယောက် ပါဝင်တယ် လို့ဖော်ပြပါတယ်။