close

ရော်နယ်ဒို အသင်းပြောင်းရွှေ့လာရန် အီတလီကလပ် အူဒီးနိစ်အသင်း ဖိတ်ခေါ်

မန်ယူတိုက်စစ်မှူး ရော်နယ်ဒိုကို အသင်းပြောင်းရွှေ့လာဖို့ အီတလီကလပ်အသင်း တသင်းဖြစ်တဲ့ အူဒီးနိစ်အသင်းက ဖိတ်ခေါ်ထားပါတယ်။

အူဒီးနိစ်အသင်းဟာ စီရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းရွှေ့လိုတယ်ဆိုရင် လာရောက်နိုင်ကြောင်း အသင်းရဲ့ လူမူကွန်ရက်စာမျက်နှာကနေတဆင့် အရွှန်းဖောက်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အူဒီးနိစ်အသင်းကလည်း ရလဒ်ကောင်းနေတာကြောင့် အသင်းပြောင်းရွှေ့လာဖို့ အရွှန်းဖောက်ပြီး ဟာသလုပ်ခဲ့တာပါ။

အခုနှစ်ရာသီ စီးရီးအေမှာ ပွဲစဉ် ၇ အပြီးမှာ အမှတ်ပေးဇယား အဆင့် ၃ နေရာရောက်နေတဲ့ အူဒီးနိစ်အသင်းဟာ ၅ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲ ရှုံးနိမ့်ထားပါတယ်။

အသက် ၃၇ နှစ်ရှိ ရော်နယ်ဒိုဟာ ရာသီအစပိုင်းက အသင်းပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမဲ့ အထမမြောက်ခဲ့ဘဲ မန်ယူအသင်းမှာ ဆက်ရှိနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up