close

ဘရာဇီး သမ္မတရွေးကောက်ပွဲ လက်ဝဲယိမ်းခေါင်းဆောင် ထောက်ခံမှု ပိုရ

ဘရာဇီးနိုင်ငံမှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲကို အောက်တိုဘာ ၃၀ ရက် ကျင်းပမှာ ဖြစ်ပြီး အကြိုစစ်တမ်းတွေမှာတော့ လက်ဝဲယိမ်းခေါင်းဆောင် လူဝစ် အင်နာစီယို လူလာ ဒီ ဆေးလ်ဗားက လက်ယာယိမ်းဝါဒီ လက်ရှိသမ္မတ ဘိုလ်ဆိုနာရိုထက် လူထုထောက်ခံမှု ပိုရနေတာကို ပြသနေပါတယ်။ 

အောက်တိုဘာ ၂ ရက်နေ့မှာ ပထမမကျော့ ရွေးကောက်ပွဲ ကျင်းပခဲ့တာဖြစ်ပြီး အရင်တပတ်က ဒေတာဖော်ဟာ အဖွဲ့ရဲ့ စစ်တမ်းအရ လူလာက လူထုထောက်ခံမှု ၄၉ ရာခိုင်နှုန်း၊ ဘိုလ်ဆိုနာရိုက ၄၄ ရာခိုင်နှုန်း အသီးသီး ရရှိထားပါတယ်။ 

စစ်တမ်းကောက်ယူတဲ့အဖွဲ့ဟာ လူပေါင်း ၂၈၉၈ ယောက်ကို အောက်တိုဘာ ၁၃- ၁၄ ရက်နေ့မှာ အင်တာဗျူးခဲ့ပြီးနောက် ရလဒ်ကို ထုတ်ပြန်တာဖြစ်ပြီး၊ အတိုးအလျော့ ၂ ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိ သမ္မတကတော့ အောက်တိုဘာ ၁၄ ရက်က ရီယိုဒီ ဂျနဲယိုမြို့မှာ ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားရာမှာ ရွေးကေက်ပွဲကျရင် သေချာမဲပေးကြဖို့၊ မှားယွင်းခဲ့ရင် အရင်သမ္မတဟောင်း လူလာ အာဏာပြန်ရပြီး တိုင်းပြည်ဟာလည်း ကွန်မြူနစ် နိုင်ငံဖြစ်သွား လိမ့်မယ်လို့ စည်းရုံး ဟောပြောခဲ့ပါတယ်။  

လူလာဟာ ဘရာဇီးကို ၂၀၀၃ ကနေ ၂၀၁၀ အထိ သမ္မတအဖြစ် အုပ်ချုပ်ခဲ့သူ ဖြစ်ပြီး အခု တကြိမ် ပြန်အရွေးခံရရင် သူ့အတွက် တတိယမြောက် သမ္မတ သက်တမ်း ဖြစ်လာပါလိမ့်မယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up