close

ပလက်ဝတွင် ရိက္ခာဆင်းယူသည့် စစ်ကောင်စီတပ်ကို အေအေတိုက်ခိုက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရိက္ခာဆင်းယူတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(အေအေ)က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အပြန်လှန်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ခဝဲဗျူဟာကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ယောက်လောက်ဟာ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီကျော်လောက်မှာ အဘောင်သားရွာဘက်ကို ရိက္ခာဆင်းယူတဲ့အချိန် အေအေတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နှစ်ဘက်အပြန်လှန်ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၆ ယောက် လောက် သေဆုံးနိုင်တယ်လို့ အေအေနဲ့နီးစပ်သူတွေက ခန့်မှန်းပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

အဲဒီတိုက်ပွဲအတွင်း ခဝဲဗျူဟာနဲ့ အဘောင်သားရွာကြားကို ပလက်ဝအခြေစိုက် ခမရ ၂၈၉ ဘက်က လက်နက်ကြီး ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ စစ်ကောင်စီဘက်က ရော ရက္ခိုင့်တပ်တော်ဘက်ကပါ သတင်းမထုတ်ပြန်သေးပါဘူး။

ရခိုင်မြို့အများအပြားမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ဧည့်စာရင်း စစ်တာ၊ ပရဟိတသမားတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး  လက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်တွေကို ကုန်းလမ်း၊ ရေလမ်းတွေ အားလုံးသွားလာမရအောင် ပိတ်ဆို့ကာ  ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွ့င် ပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up