စီရော်နယ်ဒိုကို မန်ယူအသင်း အဆုံးရှုံးခံမည်မဟုတ်ဟု ဖာနန်ဒက်စ်ပြော

တိုက်စစ်မှူးစီရော်နယ်ဒိုကို မန်ယူအသင်းကအဆုံးရှုံးခံမှာမဟုတ်ကြောင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကပြောပါတယ်။
အသင်းနဲ့အတူလေ့ကျင့်ခန်းမဆင်းနိုင်သေးဘဲ အားလပ်ရက်ရနေချိန် အတွင်းမှာ ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တစ်နိုင်ငံတည်းသား အသင်းဖော် ဖာနန်ဒက်စ်က မှတ်ချက်ပေးခဲ့တာပါ။
လက်ရှိအချိန်မှာ အားလပ်ရက်ရနေတာကြောင့် မတွေ့ဆုံရသေးပေမယ့် အသင်းနဲ့အတူပူးပေါင်းချိန် ရောက်ရင်ပြန်လည်ဆုံတွေ့ရမယ်လို့ ယုံကြည်ကြောင်း စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ် ကပြောပါတယ်။
“အသင်းကိုပြန်ရောက်တဲ့အခါ ခရစ္စတီယာနိုကို ပြန်လည်ဆုံတွေ့ဖို့မျှော်လင့်ပါ တယ်။ အဲဒီထက်ပိုပြီး ကျနော်မျှော်လင့်မထားပါဘူး။ ကျနော်သိသလောက်ကလဲ ဒီထက်မပိုပါဘူး။ ဒါပေမဲ့ ကစားသမားတိုင်းက သူတို့ရဲ့အနာဂတ်ကိုအလေးထားကြပါတယ်။ အသင်းအနေနဲ့ ခရစ္စတီယာနိုလို တန်းဖိုးရှိတဲ့ ကစားသမားကို အဆုံးရှုံးခံမယ်လို့ ကျနော် မယုံကြည်ပါဘူး” လို့ ဖာနန်ဒက်စ်ကပြောပါတယ်။
စီရော်နယ်ဒိုဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမှာ မဟုတ်တာကြောင့် အောင်မြင်မှုတွေရရှိနိုင်တဲ့အ သင်းတစ်သင်းဆီပြောင်းရွှေ့လိုနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။