ရုရှားနျူကလီးယားတပ်ဖွဲ့ လေ့ကျင့်မည့်အစီအစဉ် အမေရိကန်ကို အကြောင်းကြား

ရုရှားက သူ့ရဲ့ နျူကလီးယားတပ်ဖွဲ့တွေ လေ့ကျင့်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ကို အကြောင်းကြားခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
ဒီလေ့ကျင့်မှုအတွင်း ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်နိုင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပေးဖို့ ငြင်းပါတယ်။
“အမေရိကန်ကို အသိပေးထားပြီး အရင်က ကျနော်တို့ မီးမောင်းထိုးပြခဲ့သလို ရုရှားရဲ့ နှစ်စဉ် လုပ်ရိုးလုပ်စဉ် လေ့ကျင့်ခန်းပါ” လို့ ပြောရေးဆိုခွင့်ရှိသူ အမေရိကန် လေတပ်ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ရုရှားက သူ့ရဲ့ လက်နက်ထိန်းချုပ်ရေး တာဝန်ဝတ္တရားတွေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်နေပါတယ်”လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။