close

အမေရိကန်တွင် ပစ်ခတ်မှုဖြစ်ခဲ့သည့် LGBTQ နိုက်ကလပ်ကို ရဲတပ်ဖွဲ့ စစ်ဆေး

အမေရိကန်အရာရှိတွေဟာ နိုဝင်ဘာ ၁၉ ရက် နှောင်းပိုင်းက သေနတ်သမား ၅ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တဲ့ ကော်လိုရာဒို စပရင်းစ်လို့ နာမည်ပေးထားတဲ့ လိင်စိတ်ခံယူချက် ကွဲပြားသူ LGBTQ တွေ လာလေ့ရှိတဲ့ နိုက်ကလပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူဟာ အသက် ၂၂ နှစ်အရွယ် အန်ဒါဆန် လီး အယ်လ်ဒရစ်ချ်လို့ ဖော်ထုတ်ထားပြီး သူဟာ ‘ရိုင်ဖယ်ရှည်’ သေနတ်ကို သုံးခဲ့တယ်လို့ ပြောပါတယ်။

သူဟာ ပစ်ခတ်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒဏ်ရာတွေအတွက် ဆေးကုသမှု ခံယူနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဒဏ်ရာရသူ အများအပြားက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြပြီး ဒေသန္တရဆေးရုံတွေမှာ ကုသပေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒေသခံ LGBTQ အသိုက်အဝန်းအတွက် ဘေးကင်းလုံခြုံတဲ့ နေရာတခုအဖြစ် လူအများက ဖော်ပြတဲ့ ဈေးဝယ်စင်တာတခုမှာရှိတဲ့ Club Q က ခုဖြစ်ရပ်ကို ဖေ့စ်ဘွတ်ခ်မှာ “အမုန်းတရားကြောင့် တိုက်ခိုက်မှု” လို့ ခေါ်ဆို ရေးသားခဲ့ပါတယ်။

တိုက်ခိုက်မှုဟာ အမုန်းတရားက လှုံ့ဆော်လို့ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို FBI က ဖက်ဒရယ်တုံ့ပြန်မှု အာမခံချက်ရှိမရှိ ဆုံးဖြတ်ဖို့ တရားဥပဒေစိုးမိုးရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ရိုင်ဖယ်အပါအဝင် သေနတ်အများအပြားကို ခန်းမထဲမှာ တွေ့ခဲ့တယ်လို့ ကော်လိုရာဒို စပရင်းစ် ရဲဌာနအကြီးအကဲ အဒ်ဒရီယံ ဗက်စ်ကက်ဇ်က နိုဝင်ဘာ ၂၀ ရက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လက်နက်တွေရဲ့ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုကို ရှုတ်ချတဲ့ ကြေညာချက်မှာ သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်တွေဟာ အမုန်းတရားတွေကို သည်းမခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up